စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် လွှတ်တိုက်ကျေးရွာအုပ်စု မတောင်ကျေးရွာ သဖန်းဆိပ်ဆည် အနီးနားတွင် ၄၅ ပိဿာချိန်ရှိ ဧရာမလိပ်ကြီး တစ်ကောင်ကို ဒေသခံရွာသားများက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၅ ရက်က ဒေသခံရွာသားတစ်ဦး ကျေးလက်တောရွာမှ ရွာသို့ပြန်အလာ ဧရာမလိပ်ကြီးက သဖန်းဆိပ်ဆည်၏ ကန်ဘောင်မှနေ ရေထဲသို့ဆင်းရန် ပြုလုပ်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရွာသားတစ်ယောက်က တောကနေရွာကို ပြန်လာတယ်။ သဖန်းဆိပ်အနီးနား ရောက်တော့ ဆည်ရဲ့ကန်ပေါင်ပေါ်မှာ လိပ်ကြီးက ရေထဲကို ဆင်းဖို့လုပ်နေတုန်း တွေ့တဲ့ရွာသားက လိပ်ကို ရေထဲကို ဆင်းလို့မရအောင် တုတ်နဲ့ ခြောက်လှန့်ခဲ့တယ်။ ဒါနဲ့ ရွာကလူတွေကို ဖုန်းဆက်ခေါ်ပုံရတယ်။ အဲဒီလိပ်ကြီးကို လူငါးယောက်နဲ့ရွာကို သယ်လာခဲ့တယ်လို့တော့ ပြောတယ်။ ဖမ်းလာတဲ့ရွာသားတွေက အဲဒီလိပ်ကြီးကို သတ်ဖို့လုပ်နေတုန်း ကျွန်တော်က ကြားကနေ ဖြတ်ဝယ်လိုက်တယ်။ အခုတော့ အဲဒီလိပ်ကြီးကို သုံးဘီးငှားပြီးတော့ ကန့်ဘလူမြို့ ရွှေစည်းကြီးဘုရားမှာ သွားလှူဒါန်းလိုက်တယ်” ဟု လိပ်အလှူရှင်ဖြစ်သူ ဦးမောင့်မြင့်က ပြောကြားသည်။
ဧရာမလိပ်ကြီးကို ဖမ်းဆီးခဲ့သည့် ရွာသားများက သတ်ဖြတ်ပြီး အသားရောင်းချ စားသောက်ရန်အတွက် ယင်းဧရာမလိပ်ကြီးကို စဉ်းတီတုံးပေါ်သို့ သတ်ဖြတ်ရန် အရန်သင့် ပြင်ဆင်ထားပြီး ၎င်း၏အနီးနားတွင် မီးဖိုပေါ်၌ မိုးပြဲဒယ်အိုးဖြင့် ရေနွေးများလည်း ကျိုထားသည်ကို တွေ့ရှိခဲ့ရကြောင်း ၎င်းက ပြောကြားသည်။ ထို့နောက် ရွာသားများ အနေဖြင့် အဆိုပါ ဧရာမလိပ်ကြီးကို မသတ်ဖြတ်ရန်အတွက် ကျပ်ငွေတစ်သိန်းဖြင့် ဦးမောင်မြင့် ဆိုသူက ပေးဝယ်ခဲ့ပြီး ကန့်ဘလူမြို့ ရွှေစည်းကြီးဘုရားဝင်း အတွင်းရှိ ရေကန်ထဲတွင် သွားရောက် လွှတ်လိုက်ကြောင်း သိရသည်။
သဖန်းဆိပ်ဆည်၏ အနီးနားတွင် တွေ့ရှိခဲ့သည့် ဧရာမလိပ်ကြီးကို အမျိုးသားလေးဦးက မ,၍ မရလောက်အောင် ဖြစ်ခဲ့ရကြောင်း၊ ကန့်ဘလူမြို့ ရွှေစည်းကြီးဘုရား အရောက်တွင် ဧရာမလိပ်ကြီးကို သုံးဘီးပေါ်ကနေ အောက်သို့ချရန်အတွက် အမျိုးသား ခြောက်ဦးထက်မနည်း မ,၍ အောက်သို့ချခဲ့ရကြောင်း ဦးမောင်မြင့်၏ ပြောကြားချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
