စစ်ကိုင်းမြို့ မင်းကွန်းတိုက်နယ် ထုံးဘို ကျေးရွာတွင် အများပိုင်လမ်းမြေအား ခြံခတ် ပိတ်ဆို့မှုနှင့်ပတ်သက်၍ လမ်းပိတ်ဆို့ခံထား ရသည့် နေအိမ်များမှ နိုဝင် ၁၇ ရက်က ထုံး ဘိုရွာတောင်ပိုင်း ညောင်ပင်ပလ’င်တွင် သတင်းစာရှင်းလင်းခဲ့သည်။
မင်းကွန်းတိုက်နယ် ထုံးဘိုကျေးရွာ တောင်ပိုင်းရှိ ဧရာဝတီမြစ်သို့ဆင်းရာ အများ ပိုင်လမ်းမြေအား ထုံးဘိုကျေးရွာနေ ဦးရှမ်းက မိဘအမွေဆိုင်မြေဆိုကာ ၂၀၁၇ ခုနှစ် အောက်တိုဘာတွင် အုတ်ရိုးကာရံခြင်း၊ သံဆူးများ ကာရံကာလမ်းမြေအား ပိတ်ဆို့ခဲ့သဖြင့် လူ၊ ယာဉ်များသွားလာရခြင်း မရှိတော့သဖြင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီသို့ တင်ပြခဲ့သော်လည်း ခြံဝင်းခတ်ထားသူက ဖယ်ရှားခြင်းမရှိဘဲ လမ်းအား ပိတ်ဆို့ထားခြင်းကြောင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
“အသွားအလာ အခက်အခဲ ဖြစ်နေလို့ လမ်းပြန်ဖွင့်ပေးဖို့ သက်ဆိုင်ရာကို တိုင်ကြားခဲ့ပါတယ်။ သက်ဆိုင်ရာက လာရောက်ကြည့်ရှုပြီး လမ်းရဖို့အရေးကို ကျေးရွာအုပ်ချုပ်ရေးမှူးဆီကို စာပြန်ပို့ပြီး အကြောင်းကြားခဲ့တယ်။ သူတို့ဘက်က ဖွင့်မပေးနိုင်တဲ့ အကြောင်းကို ကျွန်တော်တို့ ပြောပါတယ်။ ခုချိန်ကာလမှာ သူများဝင်းထဲက ဖြတ်သွားလို့ရပါတယ်။ မြစ်ရေကြီးတဲ့အချိန်က သွားစရာလမ်း မရှိတော့ဘူး။ နာရေးဆိုရင် ထွက်စရာအပေါက် မရှိပါဘူး” ဟု ထုံးဘိုကျေးရွာနေ ဦးခင်မောင်သန်းက ပြောကြားသည်။
အဆိုပါ လမ်းပိတ်ဆို့ထားမှုကြောင့် ထုံးဘိုကျေးရွာမှ နေအိမ်ခုနစ်အိမ်လုံးမှာ သွားလာရ အခက်အခဲ ဖြစ်ပေါ်နေကြောင်း၊ လက်ရှိအချိန်တွင် ထုံးဘိုကျေးရွာနေ ဦးဝင်းနိုင် နေအိမ်အတွင်းမှ ဖြတ်သွားဖြတ်လာ ပြုလုပ်နေရပြီး ဧရာဝတီမြစ်ရေ ကြီးမြင့်ချိန်နှင့် နာရေးကိစ္စများ ပေါ်ပေါက်လာပါကလမ်းကို ပိတ်ဆို့ခြံခတ် ထားသောကြာင့် သွားလာ၍ မရဖြစ်နေကြောင်း သိရသည်။
“ကျွန်တော်က ခေါ်ယူညှိနှိုင်းပေးခဲ့တယ်။ ညှိနှိုင်းပေးတဲ့ အတိုင်းအတာမှာ ဖွင့်မပေးဘူးဆိုတော့ ဒီဘက်က တိုင်ကြားထားတဲ့ ငါးဦးထဲက တစ်ဦးကပဲ တရားလိုလုပ်ပြီး တရားစွဲဖို့ ရှိပါတော့တယ်” ဟု ထုံးဘိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်သောင်းက ပြောကြားသည်။
အဆိုပါ လမ်းပိုင်းကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကတည်းက အသုံးပြုခဲ့ကြောင်း၊ ၎င်းလမ်းမြေသည် မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရှိ စာရင်းမြေပုံတွင် မြေလွတ်ဖြစ်ကြောင်းကို စိစစ်တွေ့ရှိရကြောင်း၊ လမ်းပိတ်ဆို့ကာရံ ထားသူကလည်း ပိုင်ဆိုင်မှု တစ်စုံတစ်ရာ တင်ပြနိုင်မှုမရှိခြင်း၊ ကျေးရွာသူ ကျေးရွာသား သာရေး၊ နာရေးအတွက် သွားလာရန် အခက်အခဲ ဖြစ်ပေါ်လာနိုင်ကြောင်း၊ အဆိုပါ လမ်းပိုင်းအား ပြန်လည်ဖွင့်ပေးရန်အတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ခေါ်ယူညှိနှိုင်းဖြေရှင်း ဆောင်ရွက်ရန်နှင့် ညှိနှိုင်း၍ မရပါက ဥပဒေကြောင်းအရ တရားစွဲဆိုအရေးယူ ဆောင်ရွက်ရန် စစ်ကိုင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
