မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ဆက်လက်မြင့်မားလာပြီး အမြင့်ဆုံးစံချိန်သစ်အဖြစ် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ၃၅၈၅ မဂ္ဂါဝပ်အထိ ရောက်ရှိခဲ့ကာ ၂၀၁၇ ခုနှစ် အမြင့်ဆုံးအသုံးမှုထက် ၃၉၆ မဂ္ဂါဝပ်မြင့်တက်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ နေ့အလိုက် ထုတ်ပြန်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အစီရင်ခံစာအရ သိရသည်။
၂၀၁၈ ခုနှစ်အတွင်း လက်ရှိအချိန်အထိ စံချိန်တင်လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအဖြစ် ၃၅၈၅ ဒသမ ၅ မဂ္ဂါဝပ်ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၆ ခုနှစ် စံချိန်တင်လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၂၈၀၁ ဒသမ ၆ မဂ္ဂါဝပ်နှင့် နှိုင်းယှဉ်ပါက ၇၈၃ ဒသမ ၉ မဂ္ဂါဝပ်၊ ၂၀၁၇ ခုနှစ် စံချိန်တင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၃၁၈၉ ဒသမ ၃ မဂ္ဂါဝပ်နှင့်နှိုင်းယှဉ်ပါက ၃၉၆ ဒသမ ၂ မဂ္ဂါဝပ်ပိုမိုများပြားခြင်းဖြစ်သည်။ ထို့ပြင် လက်ရှိစံချိန်တင်လျှပ်စစ်ဓာတ် အားထုတ်လုပ်မှုပမာဏသည်၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက် အမြင့်ဆုံးလျှပ်စစ် အသုံးပြုမှုပမာဏထက် ၅၄၂ မဂ္ဂါဝပ် ပိုမိုများပြားခဲ့ခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ်တွင် ရေအားမှထုတ်လုပ်သော လျှပ်စစ်ယူနစ်ပေါင်း ၅၇ ရာခိုင်နှုန်းရှိပြီး အပူစွမ်းအင်မှထုတ်လုပ်သော လျှပ်စစ်ယူနစ်ပေါင်း ၄၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
လက်ရှိ အမြင့်ဆုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၃၅၈၅ မဂ္ဂါဝပ်ဝန်းကျင်ရှိသည့် အနက် ရန်ကုန်တိုင်းဒေသကြီးတွင် မဂ္ဂါဝပ် ၁၄၈၀ ကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် မဂ္ဂါဝပ် ၅၅၀ ကျော်၊ နေပြည်တော်တွင် မဂ္ဂါဝပ် ၁၄၀ ကျော်၊ အခြားဒေသများတွင် မဂ္ဂါဝပ် ၁၄ဝဝကျော်သုံးစွဲလျက်ရှိပြီး ရန်ကုန်၊ မန္တလေးဒေသသုံးစွဲမှု၏ ၃၅-၄၀ ရာ ခိုင်နှုန်း၊ အခြားဒေသသုံးစွဲမှု၏ ၂၁ ရာခိုင်နှုန်းမှာ စက် မှုလုပ်ငန်းသုံးများဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ သန်းကျော်ရှိသည့်အနက် အိမ်ထောင်စု ၆ ဒသမ ၃၃ သန်းခန့်မှာ လျှပ်စစ်ဓာတ်အားရရှိရန် လိုအပ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁ဝဒသမ ၈၉သန်းရှိရာ ၂၀၁၈ ခုနှစ် သြဂုတ်လအထိ အိမ်ထောင်စုပေါင်း ၄ ဒသမ ၅၅ သန်း (၄၁ ဒသမ ၈၂ ရာ ခိုင်နှုန်း)ခန့် ဓာတ်အားစနစ်မှ လျှပ်စစ်မီး ရရှိခဲ့ပြီး အိမ်ထောင်စု ၆ ဒသမ၃၃ သန်း (၅၈ ဒသမ ၁၈ ရာခိုင်နှုန်း)ခန့်မှာ ဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိရန် လိုအပ်နေသည်။
မီးသုံးစွဲမှုအများဆုံးတိုင်းဒေသကြီးများဖြစ်သော ရန်ကုန်တိုင်းဒေသကြီးတွင် မီးသုံးစွဲသူ အိမ်ထောင်စု ၁ ဒသမ ၅၈ သန်း အနက် ၁ ဒသမ ၃ သန်း မီးရရှိပြီး ၀ ဒသမ ၂၈ သန်း မီးရရှိရန် ကျန်ရှိနေခြင်းဖြစ်သည်။ မန္တ လေးတိုင်းဒေသကြီးတွင်လည်း မီးသုံးစွဲသူ အိမ်ထောင်စု ၁ ဒသမ ၃၂ သန်း အနက် ၀ ဒသမ ၇ သန်း မီးရရှိပြီး ၀ ဒသမ ၆၂ သန်း မီးရရှိရန် ကျန်ရှိနေသေးကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ကမ္ဘာ့ဘဏ်ချေးငွေအပါအဝင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ ဘဏ္ဍာရန်ပုံငွေ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများထံမှ ချေးငွေများဖြင့် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ် မတ်လတွင် လက်ရှိအိမ်ထောင်စုအားလုံး၏ ၅၅ ရာ ခိုင်နှုန်းခန့်အားဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိ ပြီး ၂၀၂၅၊ ၂၀၂၆ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၉၄ ဒသမ ၈၈ ရာခိုင်နှုန်း တိုးတက်အောင် စီမံဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
