ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း SME များကို ထိခိုက်နိုင်သည့် တရားမဝင်မှောင်ခိုကုန်သွယ်နေမှုများ တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်း ပေးရန် နိုဝင်ဘာ ၁၇ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက လုပ်ငန်းရှင်များအား မေတ္တာရပ်ခံခဲ့သည်။
ပြည်ပမှ မှောင်ခိုတင်သွင်းသည့် ကုန်ပစ္စည်းများကြောင့် ပြည်တွင်းရှိ SME လုပ် ငန်းများ ရှင်သန်ရပ်တည်ရေးမှာ အခက်အခဲရှိသဖြင့် တရားမဝင်မှောင်ခိုကုန်သွယ်မှု လုပ်ငန်းများ တားဆီးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မှောင်ခိုဝင်နိုင်တဲ့ SME တွေကို ထိခိုက်နိုင်တဲ့ မှောင်ခိုလုပ်ငန်းတွေ ဝင်နိုင်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကိုးခုရှိတယ်။ အဲဒီမှာ ဝန်ကြီးတွေ ခေါင်းဆောင်ပြီး အဖွဲ့စုံနဲ့ ဖမ်းဆီးမှုတွေ ဆောင်ရွက်နေပါတယ်။ ဒါတွေကို သတင်းပေးတွေကပေးမှ ကျွန်တော်တို့က ဆောင်ရွက်လို့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် လုပ်ငန်းရှင်တွေက ကိုယ်ထိခိုက်တဲ့ဟာတွေကို ဘယ်နားမှာ ဘာတွေဖြစ်နေတယ်ဆိုတာ သိရင် စီးပွားကူးသန်းကို ချက်ချင်းအကြောင်းကြားပေးရင် စီးပွားကူးသန်းကလည်း၊ ကျွန်တော်တို့ဆီ အကြောင်းကြားရင် ချက်ချင်းပဲ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ ဖမ်းဆီးမှုတွေ ဆောင်ရွက်ပါတယ်” ဟု ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက ပြောကြားသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဖမ်းဆီးရရှိမှု ၅၉ ကြိမ်၊ ကျပ် ၁ ဒသမ ၃ဘီလျံ ကျော် ဖမ်းဆီးရရှိခဲ့ကြောင်း၊ သို့သော်လည်း ယင်းကဲ့သို့ ဖမ်းဆီးရရှိမှုမှာ နည်းနေသေးကြောင်း သိရသည်။
“မေတ္တာရပ်ခံချင်တာက စီးပွာရေးလုပ်ငန်းရှင်တွေအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောပါ။ ပြောရင် ကျွန်တော်တို့ ချက်ချင်းအ ကြောင်းကြားရင် သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီးချုပ်တွေက ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒီနေ့အထိလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်ကိုးခုမှာ ဖွဲ့စည်းဆောင်ရွက်နေပါတယ်” ဟု ဒုတိယ သမ္မတ(၁)ဦးမြင့်ဆွေက ဆက်လက်ပြောကြားသည်။
ပြည်တွင်းကုန်ထုတ်လုပ်ငန်းများနှင့် SME များအနေဖြင့် ပြည်ပမှတင်သွင်းလာသည့် ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိသည့် အခြေအနေရောက်လာသဖြင့် ပြည်ပကုန်စည်များကို ကြပ်မတ်ပေးရန် လို အပ်နေကြောင်း ကုန်သည်စက်မှုအသင်းချုပ်မ ှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံထားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပြည်တွင်းမှ SMEs များအနေဖြင့် နိုင်ငံခြားမှတင်သွင်းလာသည့် ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိသောအခြေအနေဖြစ်ပေါ်နေသဖြင့် ပြည်တွင်းထုတ်လုပ်မှုနှင့် စားသုံးမှုပမာဏ၊ တင် သွင်းရန်လိုအပ်မှုပမာဏ၊ အရေးကြီးကုန်စည်နှင့် မသုံးမဖြစ်ကုန်စည်၊ အစားထိုးကုန် စည်စသည့် သဘောတရားများကို အခြေခံ တွက်ချက်ပြီး Minimun Access စနစ်၊ Tariff Rate နှင့် Quota စနစ်များ သတ်မှတ် ကျင့်သုံးပေးရန် လိုအပ်နေကြောင်း ဦးရဲမင်းအောင်က ပြောကြားသည်။
ထို့ပြင် ယင်းစနစ်များ ဆောင်ရွက်ရာ၌ Quota အတွင်းမှဖြစ်ပါက နှုန်းတစ်မျိုး (နှုန်းနိမ့်) နှင့် Quota ပြင်ပမှဖြစ်ပါက နှုန်းတစ်မျိုး (မြင့်) သတ်မှတ်ပေးစေလိုသည်ဟု ဦးရဲမင်းအောင်က နိုင်ငံတော်ဒုတိယသမ္မတ(၁) ဦး မြင့်ဆွေဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကော်မတီသို့ တင်ပြထားကြောင်း သိရသည်။
ထို့ပြင် အာလူး၊ ပန်းမျိုးစုံစသည့် လယ်ယာစိုက်ပျိုးရေးထွက်ကုန်များနှင့် ဟင်းသီးဟင်းရွက်သီးနှံများ တရားမဝင်ဝင်ရောက်နေမှုအပေါ် ထိရောက်စွာတားဆီးပေးနိုင်ရန်အတွက် အပင်ပိုးမွှား၊ ရောဂါနှင့်သီးနှံ ကာ ကွယ်ရေးဆိုင်ရာ စံချိန်စံညွှန်းများကို ချမှတ်ပေးရန်နှင့် Quota စနစ်ဖြင့် ဆောင်ရွက်ရာ တွင်လည်း မိမိနိုင်ငံသီးနှံပေါ်ချိန်၊ ရှားပါးချိန်၊ စျေးကြီးချိန် စသည့် ရာသီချိန်များနှင့် လိုက်ဖက်အောင် ညှိနှိုင်းဆောင်ရွက်ပေးစေလိုသည်ဟု ဦးရဲမင်းအောင်က ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
