Top News

မြန်မာနိုင်ငံတွင် မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန်အခြေစိုက် ORBIS မျက်စိရောဂါကု လေယာဉ်ဆေးရုံကြီး လာရောက်မည်   
24htopnews | November 30, 2024 6:12 PM CST

မြန်မာနိုင်ငံတွင် မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန်အခြေစိုက် ORBIS မျက်စိရောဂါကု လေယာဉ်ဆေးရုံကြီး (Flying eye hospital) ၂၀၁၉ ခုနှစ်တွင် လာရောက်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမေရိကန်နိုင်ငံအခြေစိုက် ORBIS International မှ Program Manager ဦးဆောင်သောအဖွဲ့က မြန်မာနိုင်ငံတွင် ORBIS Program ဖြင့် မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များကို လာရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ORBIS International အနေဖြင့် ORBIS မျက်စိရောဂါကု လေယာဉ်ဆေးရုံကြီး (Flying eye hospital) သည် မြန်မာနိုင်ငံသို့ ၁၉၉၁ ခုနှစ်က စတင်ဆင်းသက်ခဲ့ပြီး ရန်ကုန်သို့ ခြောက်ကြိမ်နှင့် မန္တလေးသို့ သုံးကြိမ် စုစုပေါင်း ကိုးကြိမ် ဆင်းသက်ခဲ့ပြီး ဖြစ်ကြောင်း၊ ORBIS International အဖွဲ့သည် မျက်စိကျန်းမာရေးစောင့်ရှောက်မှုများကို လေယာဉ်ဆေးရုံကြီးတွင် ကုသခြင်း (Plane based program)  နှင့် ဆေးရုံတွင် ကုသခြင်း (Hospital based program) တို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ORBIS မျက်စိရောဂါကု လေယာဉ်ဆေးရုံကြီးသည် မြန်မာနိုင်ငံတွင် ၁၀ ကြိမ်မြောက် ဆင်းသက်ရန် ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်အဖြစ် မျက်စိ၊ နား၊ နှာခေါင်း အထူးကုဆေးရုံ (မန္တလေး) သို့ ဆက်သွယ်၍ ရှေ့ပြေး အကြိုအဖွဲ့အနေဖြင့် လာရောက်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ယခုသည် ရှေ့ပြေးအကြိုအဖွဲ့မှ ဒုတိယအကြိမ်မြောက် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ 

ORBIS မျက်စိရောဂါကု လေယာဉ်ဆေးရုံကြီး မြန်မာနိုင်ငံတွင် ဆင်းသက်မှု ၁၀ ကြိမ်မြောက်အဖြစ် မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် လာမည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် လာရောက်ရန် လျာထားကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုသည့် အနေဖြင့် ORBIS International အဖွဲ့မှ လေယာဉ်ဆေးရုံကြီးဖြင့် ကုသမှုပေးခြင်းအပြင် အခြားလုပ်ငန်းများလည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။      



 


READ NEXT
Cancel OK