ပရီးမီးယားလိဂ်ထိပ်သီးကလပ်များဖြစ်သော ချယ်လ်ဆီးနှင့် အာဆင်နယ်တို့သည် ဘာစီလိုနာအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့် စပိန်ကွင်းလယ်လူ ဒင်းနစ်ဆွာရက်ဇ်အား ခေါ်ယူရန်ကြိုးပမ်းနေကြကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
အသက် (၂၄) နှစ်အရွယ်ရှိ ဒင်းနစ်ဆွာရက်ဇ်သည် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် (၁၇) မိနစ်သာကစားခွင့်ရထားသည့်အတွက် ဘာစီလိုနာအသင်းတွင် မပျော်မရွှင်ဖြစ်နေပြီး အသင်းပြောင်းရွှေ့ရန် စီစဉ်နေသူဖြစ်သည်။
စပိန်သတင်းစာ AS ၏ဖော်ပြချက်အရ ဒင်းနစ်ဆွာရက်ဇ်အားခေါ်ယူရန် ချယ်လ်ဆီး၊ အာဆင်နယ်တို့အပြင် အဲဗာတန်၊ ဝက်စ်ဟမ်းနှင့် ဝက်ဖို့ဒ်အသင်းတို့ကပါ စိတ်ဝင်စားနေကြကြောင်း သိရသည်။
ဒင်းနစ်ဆွာရက်ဇ်သည် မန်စီးတီးအကယ်ဒမီတွင် ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၁၃ ခုနှစ်က ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ သို့သော် ၄င်းသည် ယင်းအချိန်ကတည်းက ဘာစီလိုနာအသင်းတွင် နေရာမရဘဲ ဆီဗီလာသို့ အငှားထွက်ကစားခဲ့ရသလို၊ ၂၀၁၅ ခုနှစ်တွင် ဗီလာရီးယဲလ်အသင်းသို့ အပြီးသတ်ပြောင်းရွှေ့ခဲ့သည်။
ထို့နောက် ၂၀၁၆ ခုနှစ်တွင် ဘာစီလိုနာအသင်းက ဒင်းနစ်ဆွာရက်ဇ်ကို Buy Back Clause ဖြင့် ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ သို့သော် ပွဲထွက်ခွင့်မရသည့်အတွက် ဒင်းနစ်ဆွာရက်ဇ်မှာ မပျော်မရွှင်ဖြစ်နေပြီး ဘာစီလိုနာအသင်းမှထွက်ခွာမည်ဟု ဝန်ခံထားပြီး ပရီးမီးယားလိဂ်မှာ ၄င်းကစားလိုသည့် လိဂ်ပြိုင်ပွဲတစ်ခုဖြစ်ကြောင်းသိရသည်။
ဘာစီလိုနာအသင်းကလည်း ဒင်းနစ်ဆွာရက်ဇ်ကို ယခုဇန်နဝါရီအပြောင်းအရွှေ့တွင် ရောင်းချရန်စီစဉ်လျက်ရှိပြီး ၄င်းအတွက်အနည်းဆုံး ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)နှင့်အထက် အလိုရှိနေကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
