Top News

ထိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ကရိန်းပြိုကျပြီး အလုပ်သမားသုံးဦး သေဆုံး
24htopnews | November 30, 2024 6:12 PM CST

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် အပြင်ဘက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် နိုဝင်ဘာ ၂၉ ရက်က ကရိန်းတစ်ခုပြိုကျခဲ့သဖြင့် အလုပ်သမားသုံးဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါမတော်တဆမှုသည် ဘန်ကောက်မြို့တော်အနောက်ဘက် ဆမတ်ဆာခွန်းမြို့ရှိ ခုံးကျော်တံတားတစ်ခု ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း နိုဝင်ဘာ ၂၉ ရက်နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုမတော်မဆမှုကြောင့် အလုပ်သမားသုံးဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ ၁၀ ဦး ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူအချို့သည် စိုးရိမ်ရသည့်အခြေအနေတွင်ရှိသည်ဟု ဆမတ်ဆာခွန်းရဲတပ်ဖွဲ့၏ တာဝန်ရှိသူ ဒက်ချန်နာကွန်းချန်သာဖွမ်က ပြောကြားခဲ့သည်။

“အလောင်းသုံးလောင်းကို ကျွန်တော်တို့တွေ့ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါကရိန်းပြိုကျမှုဖြစ်စဉ်ကို အင်ဂျင်နီယာများနှင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေသည်။

ထိုင်းနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ခွင့်ပြုမိန့်မရဘဲ ဆောက်လုပ်မှုများနှင့် ဘေးကင်းလုံခြုံရေးစည်းကမ်းများကို မလိုက်နာမှုကြောင့် မတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည်။

မတ်လကလည်း ဘန်ကောက်မြို့တော်အရှေ့ဘက် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ကရိန်းပြိုကျမှုကြောင့် လူခုနစ်ဦး သေဆုံးခဲ့သည်။


READ NEXT
Cancel OK