အမေရိကန်နှင့်ပြင်သစ်တို့ ကြားဝင် ဆောင်ရွက်ပေးခဲ့သော သဘောတူညီချက်အရ အစ္စရေးနှင့်လက်ဘနွန် လက်နက်ကိုင်အုပ်စုဟစ်ဇဘိုလာတို့ နိုဝင်ဘာ ၂၇ ရက်တွင် အပစ်အခတ်ရပ်စဲခဲ့ရာ ၁၄ လကြာတိုက် ပွဲများအတွင်း ပျက်စီးခဲ့သောနယ်စပ်ဒေသရှိ နေအိမ်များသို့ နှစ်နိုင်ငံပြည်သူများစတင်ပြန်နေကြပြီဖြစ်သည်။
ပဋိပက္ခတို့ ဖိစီးနှိပ်စက်လျက်ရှိသော အရှေ့အလယ်ပိုင်းဒေသတွင် ရှားပါးသော သံတမန်အောင်ပွဲဖြစ်သည့်သဘောတူညီချက်သည် အစ္စရေး၊ အီရန်ထောက်ပံ့ပေး ထားသောဟစ်ဇဘိုလာစစ်သွေးကြွအုပ်စုတို့ နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံးထိပ်တိုက်တွေ့မှုကို အဆုံးသတ်သွားစေခဲ့သည်ဆိုသော်လည်း အစ္စရေးသည် ဂါဇာကမ်းမြောင်တွင် ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမာ့စ်နှင့်တိုက်ခိုက်နေဆဲဖြစ်သည်။
မွေ့ရာများ၊ ခရီးဆောင်လက်ဆွဲအိတ်များ၊ ပရိဘောဂပစ္စည်းများကိုတောင် မြင့်မောက်စွာတင်ထားသော ကားများ၊အလုံပိတ် ဗန်ကားများသည် ပဋိပက္ခကြောင့် ဘုံပျောက်ခဲ့သည်ဟု ယုံကြည်ရသည့် လူ ၁ ဒသမ ၄ သန်းခန့်ကို တင်ဆောင်လျက်ပြင်းထန်စွာဗုံးကြဲခံထားရသော လက်ဘနွန်ဆိပ်ကမ်းမြို့တိုင်ရီကို ဖြတ်သန်း၍တောင်ဘက်ကို ဦးတည်ထွက်ခွာခဲ့ကြသည်။
အပစ်အခတ်ရပ်စဲရေး ကြေညာပြီးကတည်းက ဟစ်ဇဘိုလာစစ်ဆင်ရေးများဌာန၏ပထမဆုံး ထုတ်ပြန်ချက်တွင် ဟစ်ဇဘိုလာအုပ်စုက အပစ်အခတ်ရပ်စဲရေးကို တိုက်ရိုက်ရည်ညွှန်းခြင်းမရှိဘဲ တော်လှန်ရေး ဆက် လက်လုပ်သွားမည်ဟု ကတိပြုထားခဲ့သည်။
မိမိတို့၏တိုက်ခိုက်ရေးသမားများသည် ရန်သူအစ္စရေး၏ ပြင်းပြသောစိတ်ဆန္ဒများ၊ ၊ သဲကြီးမည်းကြီးတိုက်ခိုက်မှုများကို ကိုင်တွယ်ရန် စိတ်ဓာတ်ရေးရာ၌ အပြည့်အဝအသင့်ဖြစ်နေသည်ဟု ဟစ်ဇဘိုလာက ဖော်ပြထားသည်။ မိမိတို့၏ဟဟ်ဇဘိုလာတပ်ဖွဲ့များသည် သေနတ်မောင်းပေါ်ကိုလက်တင်လျက် အစ္စရေးတပ်များလက်ဘနွန်မှ ဆုတ်ခွာမှုကို စောင့်ကြည့်သွားမည်ဟု ဆက်လက်ဖော်ပြထားသည်။
အပစ်အခတ်ရပ်စဲမှုသည်ဂါဇာစစ်ပွဲက မီးရှို့ပေးလိုက်ခြင်းကြောင့် လွန်ခဲ့သောနှစ် တွင်အစ္စရေးနှင့်ဟစ်ဇဘိုလာတို့စစ်ပွဲ စတင်ကတည်းက လက်ဘနွန်၌ အနည်းဆုံး လူ၃,၇၆၈ ဦးသေဆုံးခဲ့ရသော အစ္စရေး-လက်ဘနွန်နယ်စပ် ပဋိပက္ခပြီးဆုံးသွားစေရန် ရည်ရွယ်သည်ဟု လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
အပစ်အခတ်ရပ်စဲမှုသည် လပေါင်းများစွာအတွင်း အရှေ့အလယ်ပိုင်း ပဋိပက္ခ၏ပထဆုံးမျှော်လင့်ချက် ရောင်ခြည်ဖြစ်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲမှုကို အီရန်နိုင်ငံကကြိုဆိုသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရာချီက ပြောကြားခဲ့ပြီးအမြဲတမ်း အပစ်အခတ်ရပ်စဲမှုဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားသည်ဟု ဆိုသည်။
လက်ဘနွန်နိုင်ငံတွင် ပြည်သူများသည် မိမိတို့၏နေရပ်ကို စတင်ပြန်ကြသောအခါ ကားအချို့က နိုင်ငံတော်အလံများကို လွှင့်ခဲ့ပြီး အခြားသော ကားများက ဟွန်းများတီးခဲ့ကြသည်။ လက်ဘနွန်တောင်ပိုင်းရွာ ဇစ်ကျင်တွင် အက်စရာအတ်ဝီသည် ခင်ပွန်း၊ သမီးတို့နှင့်အတူ ပျက်စီးနေသော နေအိမ်သို့ ပြန်လာခဲ့သည်။
“အရေးအကြီးဆုံးအရာကတော့ အစ္စရေးရဲ့စိတ်ဆန္ဒနဲ့ဆန့်ကျင်ပြီး ရန်သူအားလုံးရဲ့စိတ်ဆန္ဒနဲ့ဆန့်ကျင်ပြီး ကျွန်မတို့နေရပ်ကိုပြန်ရတာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ဇာတိမြေကို ပြန်ရောက်လာပါပြီ။ အပျက်အစီးတွေပေါ်မှာ ကျွန်မတို့အိပ်မှာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
အသက် ၆၇ နှစ်ရှိ ဇာဟီဟီဂျာဇီသည် အစ္စရေးပြင်းထန်စွာ ဗုံးကြဲခဲ့သော ဟစ်ဇဘိုလာ အမာခံနယ်မြေဖြစ်သည့် ဘေရွတ်တောင် ပိုင်ဆင်ခြေဖုံးရှိ ပျက်စီးနေသော အိမ်သို့လာရန် အပစ်အခတ်ရပ်စဲထားမှုကို အခွင့် ကောင်းယူခဲ့သည်။
Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
