ဘိန်းထွက်ရှိမှု အများဆုံးဒေသဖြစ်သည့် ကချင်ပြည်နယ်ရှိ နယ်စပ်ဒေသ၊ ပဋိပက္ခ ဒေသများနှင့်ကျောက်စိမ်း၊ ရွှေတူးဖော်ရေး လုပ်ငန်းများတွင် မူးယစ်ဆေးစွဲသူဦးရေနှစ် စဉ်မြင့်တက်နေပြီး မြန်မာနိုင်ငံတွင် ခန့်မှန်း ခြေ မူးယစ်ဆေးဝါးသုံးစွဲသူပေါင်း ၈၃၀၀၀ ခန့်ရှိနေကြောင်း 3 MDG မှ သိရသည်။
မူးယစ်ဆေးစွဲသူများအကြား အိပ်ချ်အိုင်ဗွီကူးစက်မှုနှုန်းမှာ ၂၈ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်မားလျက်ရှိပြီး ကချင်ပြည်နယ်၏ အိပ်ချ်အိုင်ဗွီ ဖြစ်ပွားနှုန်းသည် နိုင်ငံ၏ပျမ်းမျှဖြစ်ပွားနှုန်းထက် ပိုမိုမြင့်မားနေ ကြောင်း၊ ကချင်ပြည်နယ်၏ အိပ်ချ်အိုင်ဗွီ ဖြစ်ပွားနှုန်းသည် နိုင်ငံ၏ ပျမ်းမျှဖြစ်ပွားနှုန်းထက် ပိုမိုမြင့်မားလျက်ရှိကြောင်းနှင့် ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုမြင့်မား ခြင်းကြောင့် မူးယစ်ဆေးသုံးစွဲမှုကို စက်ဆုပ်ဖွယ်အဖြစ် ရှုမြင်ကာ ဒေသခံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့များ ဖွဲ့စည်းပြီး မူးယစ်ဆေးစွဲသူများအပေါ် ကိုယ်ထူကိုယ်ထ ဖြေရှင်းလျက် ရှိနေကြောင်း သိရသည်။
“မူးယစ်ဆေးဝါးသုံးတဲ့သူတွေမှာ ဆေးဖြတ်ပြီးရင် ပြန်သုံးတတ်တဲ့ သဘောသဘာဝကို နားလည်ထားဖို့ လိုပါတယ်။ ဆေးဖြတ်ပြီး ပြန်သုံးတယ် ဆိုတာက ဆေးဖြတ်တဲ့ဖြစ်စဉ်မှာ ပါဝင်တဲ့ အဆင့်တစ်ခုပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး စွဲလမ်းမှုကို ဖြတ်နိုင်ဖို့ခက်ခဲတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်” ဟု National Drug Abuse Control Program မှ Program Manager ဒေါက်တာ နန္ဒမျိုးအောင်ဝမ်းက ပြောကြားသည်။
နိုင်ငံလူဦးရေ၏ အသက် ၁၅ နှစ်နှင့်အထက် လူလတ်ပိုင်းများတွင် အိပ်ချ်အိုင်ဗွီ ဖြစ်ပွားမှုနှုန်းမှာ ဝဒသမ ၄၉ ရာခိုင်နှုန်းရှိပြီး ကူးစက်မှုအန္တရာယ် ကျရောက်လွယ်သော ဦးတည်အုပ်စုများကြားတွင် ရောဂါဖြစ်ပွားနှုန်းမှာ သိသိသာသာ များပြားလျက်ရှိကြောင်းနှင့် ကူးစက်မှုအန္တရာယ် ကျရောက်လွယ်သော ဦးတည်အုပ်စုများအနက် မူးယစ်ဆေးဝါး ထိုးသွင်းသူများတွင် ရာခိုင်နှုန်း ၂၀ ကျော်၊ အမျိုးသားချင်း လိင်ဆက်ဆံသူများ (MSM) နှင့် ဆန့်ကျင်ဘက်လိင်သို့ ပြောင်းလဲနေထိုင်သူများ (TG) တို့တွင် ၁၀ ဒသမ ၄ ရာခိုင်နှုန်းနှင့် အမျိုးသမီး လိင်လုပ်သားများတွင် ၈ ဒသမ ၁ ရာခိုင်နှုန်းခန့် အိပ်ချ်အိုင်ဗွီ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ယင်း လူအစုအဝေးများအကြား ရောဂါပြန့်ပွားမှု များနေရခြင်းမှာ အဓိကအားဖြင့် မသန့်ရှင်းသော ဆေးထိုးအပ်များ အသုံးပြုခြင်းနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံမှုများကြောင့် ဖြစ်ကြောင်းနှင့် ထိုဦးတည်အုပ်စုများ အတွက် ထိရောက်သော ပညာပေးမှုများနှင့် ဝန်ဆောင်မှုများ ရှိနေသော်လည်း ထိုသူများအပေါ် လူထု၏ ခွဲခြားဆက်ဆံမှုများနှင့် အထင်သေး ရှုတ်ချမှုများကြောင့် အိပ်ချ်အိုင်ဗွီ ကာကွယ်ကုသရေးနှင့် ပတ်သက်သည့် ဝန်ဆောင်မှုများကို လက်လှမ်းမီအသုံးချနိုင်ရန် ခက်ခဲသော အခြေအနေတွင် ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ပထဝီအနေအထား အရ မူးယစ်ဆေးဝါးပြဿနာကို ရင်ဆိုင်နေ ရသည့်အပြင် ဝေးလံခေါင်ဖျားပြီး ဖွံ့ဖြိုးမှု နောက်ကျသည့် ဒေသများတွင် ဘိန်းစိုက်ပျိုး မှုပြဿနာ၊ ဘိန်းဖြူနှင့် စိတ်ကြွဆေးဝါးထုတ် လုပ်မှုပြဿနာ၊ သုံးစွဲမှုပြဿနာများကိုလည်း ရင်ဆိုင်နေရကြောင်း၊ မူးယစ်ဆေးစွဲသူများ အတွက် ကုသရေးလုပ်ငန်းများဆောင်ရွက်ပေး နိုင်ရန် မူးယစ်ဆေးစွဲကုသရေးဌာနကြီး ၂၆ ခုနှင့်ဌာနငယ် ၄၇ ခုတို့ကို ဖွင့်လှစ်၍ မူးယစ်ဆေးဝါးဆိုင်ရာ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မက်သာဒုန်းအစား ထိုးတိုက်ကျွေးမှုအစီအစဉ်အရ မက်သာဒုန်း တိုက်ကျွေးသည့် ဌာန ၅၁ ခုကိုလည်း မူးယစ်ဆေးဝါး သုံးစွဲမှုများသည့် မြို့နယ်များတွင်ဖွင့် လှစ်လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ဆေးစွဲလူနာများအတွက် တစ်နေရာတည်းတွင် ကုသရေးဝန်ဆောင်မှုအားလုံး ရရှိစေရန် ပြည်သူလူထုအခြေပြု One Stop Service လုပ်ငန်းများနှင့် ပြည်သူလူထု ဆေးကုသရေး ဝန်ဆောင်မှုပေးခြင်း အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါး အကြောတွင်း ထိုးသွင်းခြင်းကြောင့် ကူးစက်တတ်သော အိပ်ချ်အိုင်ဗွီ၊ အသည်းရောင်အသားဝါရောဂါပိုး (ဘီ၊ စီ)နှင့် သွေးမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ အန္တရာယ် လျှော့ချရေး လုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
