Top News

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၄၄ ဒသမ ၅၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၄၁ ဒသမ ၃၀ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ဆက်တိုက်ကျဆင်း လျက်ရှိကြောင်း သိရ
24htopnews | November 30, 2024 8:12 PM CST

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဧရိယာ (စတုရန်းမိုင်) အခြေအနေမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၄၄ ဒသမ ၅၄ ရာခိုင် နှုန်းရှိခဲ့ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၄၁ ဒသမ ၃၀ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး နှစ်စဉ် ဆက်တိုက် ကျဆင်းလျက်ရှိကြောင်း သစ်တောဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုဧရိယာ (စတုရန်းမိုင်) မှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၄၄ ဒသမ ၅၄ ရာခိုင် နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၄၃ ဒသမ ၇၃ ရာခိုင်နှုန်း၊၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၄၂ ဒသမ ၁၁ ရာခိုင်နှုန်းနှင့်  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၄၁ ဒသမ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ကြောင်း ဖော် ပြထားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ် တောပြုန်းတီးမှု တတိယအများဆုံး နိုင်ငံအဖြစ် ဘရာဇီး၊ အင်ဒိုနီးရှားနိုင်ငံများ၏ နောက်တွင် ရပ်တည်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က ပြောကြားသည်။

မေ ၁၇ ရက်က နေပြည်တော်ရှိ ပြန် ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဒုတိယတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။       

“မြန်မာနိုင်ငံဟာ သစ်တောဖုံးလွှမ်းမှု လျော့ကျလျက်ရှိပါတယ်။ အဲဒီလိုလျော့ကျတဲ့အချိန်မှာ ကမ္ဘာပေါ်မှာ သစ်တောပြုန်းတီးမှု တတိယအများဆုံး နိုင်ငံအနေနဲ့ ရပ်တည်ပါတယ်။ ပထမက ဘရာဇီးပါ။ ဒုတိယ အင်ဒိုနီးရှားပါ။ တတိယက မြန်မာပါ။ သစ်တောဖုံးလွှမ်းမှု အများဆုံးရှိတဲ့ နိုင်ငံတွေကပဲ သစ်တောပြုန်းတီးမှု အများဆုံးဖြစ်တဲ့ နိုင်ငံများ ဖြစ်ပါတယ်” ဟု ဦးသံဒိုင်က ပြောကြားသည်။

ထိုသို့ သစ်တောဖုံးလွှမ်းမ လျော့ကျလာသည့်အတွက် လက်ရှိအစိုးရ လက်ထက်တွင် မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူထောင်ရေး ၁၀ နှစ်စီမံကိန်းကို စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

“သစ်တောဖုံးလွှမ်းမှု လျော့ကျလာတဲ့ အတွက်ကြောင့် လက်ရှိအစိုးရသစ်ရဲ့ လက်ထက်မှာ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်ထူထောင်ရေး ၁၀ နှစ်စီမံကိန်းကို စတင်ပြီးတော့ အကောင်အထည်ဖော်ဖို့ ဆောင်ရွက်ပါတယ်။ ဒီအချိန်မှာ သစ်တောစိုက်ခင်း တည်ထောင်ခြင်း အပါအဝင် သစ်တောပြုစု ထိန်းသိမ်းခြင်းလုပ်ငန်း စုစုပေါင်း ၁၉ မျိုးကို သစ်တောဦးစီးဌာနနဲ့ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနကနေပြီးတော့ ငါးနှစ်စီမံကိန်း နှစ်ကြိမ်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သစ်တောဦးစီးဌာနနဲ့ အဓိကဆိုင်တဲ့ သစ်တောကြိုးဝိုင်းကို နိုင်ငံဧရိယာရဲ့ ရာခိုင်နှုန်း ၃၀၊ သဘာဝနယ်မြေကို နိုင်ငံ့ဧရိယာရဲ့ ၁၀ ရာခိုင်နှုန်း ဖွဲ့စည်းပြီးတော့ ထိန်းသိမ်းမယ်ဆိုတဲ့ Commencement အရ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်ထူထောင်ရေး ၁၀ နှစ် စီမံကိန်းမှာ ကြိုးဝိုင်းကြိုးပြင်နဲ့ သဘာဝနယ်မြေများ တိုးချဲ့ဖွဲ့စည်းတာ အဓိက လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါတယ်။ ထို့အတူ ပြန်လည်ပြီးတော့ သဘာဝနည်းနဲ့ ပြုစုပျိုးထောင်လို့ မရနိုင်တော့တဲ့ နေရာတွေမှာ စိုက်ခင်းအသွင်နဲ့ ပြန်လည်ထူထောင်ဖို့အတွက် သစ်တောဦးစီးဌာနနဲ့ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနက ၁၀ နှစ်တာ ကာလအတွင်းမှာ စုစုပေါင်း ဧရိယာ ဧကသုံးသိန်း ၆၀၀၀၀ ခန့်ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က စိုက်ခင်းထူထောင်ခြင်းကို စုစုပေါင်းဧက ခြောက်သိန်းခွဲအထိ MRP က မှန်းထားပြီးတော့ ပုဂ္ဂလိကကဏ္ဍကို မြှင့်တင်သွားတဲ့အချိန်မှာ ပုဂ္ဂလိက ကဏ္ဍက ၁၀ နှစ်အတွင်းမှာ နှစ်သိန်းရှစ်သောင်းခန့် မျှော်မှန်းပါတယ်။ သူတို့က လျော့ကျမယ် ဆိုရင်တော့ MRP စီမံကိန်းအရ ကျွန်တော်တို့ ခြောက်သိန်းခွဲခန့်ကို နိုင်ငံတော်စရိတ်နဲ့  တည်ထောင်ပါမယ်။ ပုဂ္ဂလိကကဏ္ဍက ကျွန်တော်တို့ များများ ရင်း နှီးမြှုပ်နှံလာမယ်ဆိုရင် နိုင်ငံတော်ရင်းနှီးမြှုပ် နှံမှုကို လျှော့ချမှာပါ။ နိုင်ငံတော်နဲ့ ပုဂ္ဂလိက နှစ်ခုပေါင်းစီမံကိန်းရဲ့ ၁၀ နှစ် Target က ခြောက်သိန်းခွဲနီးပါး ဆောင်ရွက်မှာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်ထူထောင်ရေး ၁၀ နှစ်စီမံကိန်းရဲ့ စုစုပေါင်း ပရောဂျက်ရဲ့ Estimation က ဘီလျံ ၅၀၀ ရှိတဲ့အတွက် နိုင်ငံတော်ရဲ့ ဘတ်ဂျက်အပြင်  နိုင်ငံတကာ အကူအညီများနဲ့လည်း ဆက်သွယ်ပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု ဦးသံဒိုင်က ပြောကြားသည်။              


READ NEXT
Cancel OK