စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ပတ်တာပွန်ပယင်းမှော်တွင် လက်လုပ်လက် စား ပယင်းတူးဖော်ခွင့် ချပေးရန် စီစဉ်နေပြီး မြန်မာနိုင်ငံသားမှန်သမျှ လျှောက်ခွင့်ရှိကြောင်း စစ်ကိုင်းတိုင်း လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ၏ ပြောကြားချက်အရ သိရသည်။
“ဟုတ်တယ်။ လက်လုပ်လက်စား လုပ်ကွက်တွေချဖို့ အစီအစဉ်ရှိတယ်။ အခုမှ အစပဲရှိသေးတယ်။ အဲဒါကျတော့ ဘာမှမလုပ်ရသေးဘူး။ ကုမ္ပဏီရယ်၊ တခြားပုဂ္ဂလိကလူရယ် ခွဲတာမရှိဘူးလေ။ သူ့ဥပဒေနဲ့သူ သူ့စည်းမျဉ်းနဲ့သူ ဥပဒေနဲ့ ကိုက်ညီရင် ဘယ်သူမဆို လျှောက်ခွင့်ရှိတယ်။ မြန်မာနိုင်ငံသားမှန်ရင် လျှောက်ခွင့် ရှိတာပေါ့။ ခွင့်ပြုပေးခါနီးမှာ ထုံးစံအတိုင်း အသိပေး ကြော်ငြာတာတွေ လုပ်မှာပေါ့” ဟု ဝန်ကြီး ဦးကမ်ဇာမုံက ပြော ကြားသည်။
လက်ရှိတွင် ပတ်တာပွန်ပယင်းမှော်၌ Sea Sun Star ကုမ္ပဏီသည် တစ်ဦးတည်းမှ လုပ်ကွက် ၁၃ ကွက်တူးဖော် လုပ်ကိုင်နေကာ ၎င်းတို့လုပ်ကိုင်နေသော ပတ်တာပွန်လုပ်ကွက် အမှတ် ၁၊ ၂၊ ၃၊ ၄ ပထမ လေးကွက်သည် ဧပြီလတွင် သက်တမ်းကုန်ခဲ့ကြောင်းနှင့် ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃ ကျန်သည့် ကိုးကွက်သည် နိုဝင်ဘာ ၃၀ တွင် သက်တမ်းကုန်မည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရမှ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအား ခန္တီးမြို့နယ် နန့်စလင်း ချောင်းဖျားတွင် ၃၅၂၀ ဧက၊ နန့်ဖီးလင်း ပတ်တာပွန်တွင် ၃၇၀၆ ဧက လုပ်ပိုင်ခွင့် လွှဲပေးထားခဲ့ပြီး ထိုနယ်မြေထဲတွင် Sea Sun Star ကုမ္မဏီလုပ်ကွက် ၁၃ ကွက်လည်း ပါနေကြောင်းနှင့် ပတ်တာပွန် ပယင်းမှော်ရှိ ပယင်းလုပ်ကွက်များလည်း ပါနေကြောင်း ခန္တီးမြို့နယ် ကျောက်မျက်တူးဖော်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းဝေက ပြောကြားသည်။
မကြာခင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည့် Sea Sun Star ကုမ္မဏီမှ ထိုပယင်းမှော်တွင် ပယင်းလက်လုပ်လက်စား တူးဖော်နေသူများထံမှ အခွန်ငွေ ကျပ်သိန်းရာဂဏန်းခန့်အထိ ကောက်ခံမှုများ ပြုလုပ်နေကြောင်း သိရသည်။
“အဲဒီကုမ္ပဏီက အရင်ကဆို ပယင်းမှော်ကို သွားတဲ့လမ်းက လမ်းခွန်၊ ချောင်းဖြတ်ကူးတဲ့ အခွန်နဲ့ မှော်ထဲက စျေးသည်တွေကအစ အခွန်ကောက်တာ။ အဲဒါနဲ့ မှော်ထဲကလူတွေက မခံနိုင်လို့ အကုန်စုပြီး သက်ဆိုင်ရာကို တိုင်တော့ နောက်ပိုင်း အဲလိုအခွန်တွေ မကောက်တော့ဘူး။ ဒါပေမဲ့ ပယင်းတူးတဲ့ လူတွေကိုတော့ ဆက်ကောက်တယ်။ အရင်ကတော့ ကျင်းခွန်ပဲ ကောက်တာပေါ့။ ပေ ၄၀ ရှိတဲ့ ကျင်းကို တနှစ်စာ ကျပ်ငါးသိန်း၊ ပေ ၂၀ ကို နှစ်သိန်းဆိုပြီး ကောက်တာ။ နောက်ပိုင်းတော့ ၂၀၁၇ နိုဝင်ဘာလလောက်ကစပြီး တူးလို့ရ လာတဲ့ ပယင်းရဲ့သုံးပုံ တစ်ပုံ၊ ၃၀ ရာခိုင်နှုန်းကို အခွန်ပေးရမယ်ဆိုပြီး ကောက်လာတယ်။ မပေးရင် ဆက်တူးခွင့် မပေးတော့ဘူး။ အခုကျတော့ တစ်ကျင်းကို သိန်း ၃၀၀၊ ၄၀၀ ပေးရမယ်ဆိုပြီး တောင်းလာတယ်။ အခုတော့ သူတို့ကုမ္ပဏီ သက်တမ်းကုန်ခါနီးလေ တောင်းတာက ပိုများလာလေ ဖြစ်နေတာပေါ့။ အဲဒီမှာ တူးနေတဲ့ လက်လုပ်လက်စား တွေကလည်း တရားဝင် မဟုတ်သေးတော့ သူတို့တောင်းသလောက် ပေးနေရတယ်။ မပေးဘဲနေလို့မရဘူး။ ဖိအားပေးပြီးတောင်းတယ်” ဟု ပယင်း လက်လုပ်လက်စား တူးဖော်နေသူ တစ်ဦးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
