လျှပ်စစ်မီးအားများ ပြည့်ဝစွာမရှိဘဲ မကြာခဏ လျှပ်စစ်မီးပြတ်တောက်မှုများ ကြုံတွေ့ခဲ့ရသည့် မအူပင်မြို့နယ်၊ ဖျာပုံမြို့ နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်လတ် မြို့နယ်၊ ဒေးဒရဲမြို့နယ်နှင့် ဘိုကလေးမြို့နယ် များအား အသစ်ဖွင့်လှစ်လိုက်သည့် ကျိုက်လတ် ဓာတ်အားခွဲရုံမှတစ်ဆင့် လျှပ်စစ်မီးများ စတင်ဖြန့်ဝေပေးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်း ဒေသကြီးအတွင်း ယခင် ၂၃၀ KV ဓာတ်အားခွဲရုံများအဖြစ် အသုတ်ဓာတ်အားခွဲရုံနှင့် ကံကုန်းဓာတ်အား ခွဲရုံများသာရှိရာမှ ကျိုက်လတ်ဓာတ်အားခွဲရုံကို အစိုးရသစ် လက်ထက်တွင် အပြီးသတ် တည်ဆောက် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်က မအူပင်၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေးမြို့များမှာ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ မရရှိသောကြောင့် စက်မှုလုပ်ငန်းများ လည်ပတ်ရန် ခက်ခဲမှုများ ကြုံတွေ့ခဲ့ရပြီးနောက် အဆိုပါမြို့များအား လျှပ်စစ်ဓာတ်အား အဓိကဖြန့်ဖြူးပေးနိုင်ရန် ကျိုက်လတ ်ဓာတ်အားခွဲရုံအား စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ကာ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်နေပြီဖြစ်ကြောင်း သိရသည်။
“ကျိုက်လတ်ဓာတ်အားခွဲရုံက ၂၃၀ KV ဓာတ်အားခွဲရုံပါ။ အရင်တုန်းက ကျွန်တော်တို့မှာ ၂၃၀ KV ခွဲရုံက နှစ်ရုံပဲရှိပါတယ်။ ပထမဆုံးကတော့ အသုတ်ပေါ့။ အသုတ်ကနေ ပုသိမ်ကို ၆၆ KV နဲ့ပေးနေရတာ၊ သို့သော်လည်း ပုသိမ်မှာ ကံကုန်းမှာလည်း ၂၃၀ KV ခွဲရုံတစ်ရုံရှိပြီး ကျွန်တော်တို့ ဒါနောက်ဆုံး တတိယ အကြိမ်မြောက် ဖွင့်တဲ့ခွဲရုံပါ။ ကျိုက်လတ်ခွဲရုံက ဒီကျိုက်လတ်ခွဲရုံကြောင့် မအူပင်မြို့နယ်၊ ဖျာပုံခရိုင်က လေးမြို့နယ်စလုံး မော်လမြိုင်ကျွန်းမြို့နယ် အဲဒီမြို့တွေမှာ မီးအားတောင့်သွားတာပေါ့။ ပြည်သူတွေ စိတ်ချမ်းချမ်းသာသာနဲ့ မီးကိုသုံးလို့ ရသွားပြီ။ နောက်ကျန်တဲ့ စီးပွားရေး လုပ်ငန်းတွေ စက်မှုလုပ်ငန်းတွေလည်း လုပ်ကိုင်နိုင်သွားပြီ၊ ဒါက ကျွန်တော်တို့ ပြည်ထောင်စု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ဦးဆောင်ပြီးတော့ လုပ်တာပါ” ဟု ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။
ယင်းအပြင် မီးလောင်ချိုင်ဒေသတွင် တည်ဆောက်မည့် Liquefied Natural Gas ဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၃၉၀ အထိထုတ်လုပ်နိုင်မည့် ဓာတ်အားပေးစက်ရုံ စီမံကိန်းကိုလည်း ဆက်လက်ဆောင်ရွက်နေပြီး မြေယာပြဿနာများကို ရှင်းလင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
