Top News

ကလေးဝမြို့နယ် အတွင်းရှိ သက္ကယ်ကျင်း-ဖောင်းပြင်လမ်းတွင် ဘုရာဖူးယာဉ်တစ်စီး တိမ်းမှောက်ပြီး တစ်ဦးသေဆုံး
24htopnews | November 30, 2024 8:12 PM CST

ကလေးဝမြို့နယ် အတွင်းရှိ သက္ကကျင်း -ဖောင်းပြင်လမ်းတွင် ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်၍ ယာဉ်ပေါ်ပါလာသူတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၂ ရက် နံနက် ၇ နာရီခန့်က ကျွန်းလှမြို့နယ် နောင်ကောက် ကျေးရွာမှ မဟာမြိုင်တောရ ရှိ အောင်စင်္ကြာ စေတီထီးတင်ပွဲသို့ ဘုရားဖူးလာရောက်ခဲ့ သော ယာဉ်မောင်း မိုးဝင်း ( ခ) လှမျိုးအောင် မောင်းနှင်သော ယာဉ်အမှတ် 9G/---- ကင်တာ အဖြူရောင် ခြောက်ဘီးယာဉ်သည် အောင်ချမ်းသာကျေးရွာနှင့် သုံးမိုင်ခန့်အကွာတွင် အရှိန်လွန်၍ လမ်းဘေးမြောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့သည်ဟု သိရသည်။

“ဒီကနေ့က မဟာမြိုင်တောချက်မရေရှင်မှာ ဘုရားထီးတင်ပွဲရှိတယ်။ တန်ဆောင်မုန်းလပြည့်နေ့လည်း ဖြစ်နေတယ်။ အဲဒီကို ကားတွေနဲ့ သွားကြတဲ့သူတွေများတယ်။ လာကြတာကလည်း ကလေးမြို့၊ တမူးမြို့ အပါအဝင် နယ်အစုံက လာကြတာ။ လမ်းတွေက ကောင်းတယ်ဆိုပေမယ့် ယာဉ်တွေကလည်း ထိန်းထိန်းသိမ်းသိမ်း မောင်းဖို့လိုတာပေါ့။ မဟာမြိုင်တောထဲမှာ တော်တော် စည်ကားတဲ့နေရာပေါ့” ဟု ကလေးဝမြို့ခံ တစ်ဦးက ပြောကြားသည်။

အဆိုပါ ယာဉ်ပေါ်တွင် ဘုရားဖူးခရီးသည် ၂၀ ဦးလိုက်ပါခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် နောင်ကောက် ကျေးရွာတွင် နေထိုင်သော ဒေါ်ဝင်းရီ  (၆၃ နှစ်) သည် ပြင်ပဒဏ်ရာ မတွေ့ရှိဘဲ သေဆုံးခဲ့ပြီး အခြားခရီးသည် ကိုးဦးမှာ ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ကာ အောင်ချမ်းသာရဲကင်းမှ ပြည်သူရဲတပ်ဖွဲ့ဝင်များနှင့် သက္ကယ်ကျင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ကလေးဝမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။


READ NEXT
Cancel OK