Top News

တပ်မတော်ရေ၏ပစ်ခတ်မှုကြောင့် နှစ်နိုင်ငံနယ်စပ်အနီး ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဆိုသောနေ့တွင် အဆိုပါနေရာ၌ မည်သည့်စစ်ရေယာဉ်မျှမရှိဟု နစက တုံ့ပြန်
24htopnews | November 30, 2024 9:12 PM CST

တပ်မတော်ရေ၏ ပစ်ခတ်မှုကြောင့် နှစ်နိုင်ငံနယ်စပ်ဒေသအနီး ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဆိုသောနေ့တွင် အဆိုပါနေရာ၌ စစ် တပ်မတော်(ရေ)၏မည်သည့်စစ်ရေယာဉ်မျှ မရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းစက်လှေတစ်စီးသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဒေသ၊ ကော့ဘဇားရှိ စိန့်မာတင် (St Martin) ကျွန်းအနီး နိုဝင်ဘာလ ၂၇ ရက်တွင် ငါးဖမ်းနေစဉ် မြန်မာ့တပ်မတော်(ရေ)မှ ပစ် ခတ်မှုကြောင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟူ၍ အဆိုပါနိုင်ငံရှိ http://www.Dhakatribune.com/Bangladesh/nation/366945/Bangladeshi-fisherm... ရေးသားဖော်ပြလျက်ရှိသည်ကိုတွေ့ရှိရကြောင်း နစက၏ ထုတ်ပြန်မှု အရသိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ စိစစ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မီဒီယာများ၌ ဖော်ပြထားသည့် နိုဝင်ဘာလ ၂၇ ရက်တွင် ယင်းနေရာ၌ မည်သည့် မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်များမရှိဘဲ နေ့လယ် နာရီ ၄၅ မိနစ်ချိန်ခန့်၌ စစ်တွေဘက်မှ ရေ/ရိက္ခာ ဖြည့်ဆည်းပြီး ပြန်လည်ထွက်ခွာလာသည့် စစ်ရေယာဉ်တစ်စီးသာ မြောက်လတ္တီကျု ၂၀ ဒီဂရီ ၃၄ ဒသမ နှင့် အရှေ့လောင်တီကျု ၉၂ ဒီဂရီ ၂၆ ဒသမ မိနစ် မြင်းလွတ်ရွာ၏အနောက်တောင်ဘက် မိုင်ခန့်အကွာ၌ရောက်ရှိ အခြေပြုလျက်ရှိကြောင်း သိရသည်။

အထက်ပါကဲ့သို့ ဖြစ်စဉ်များသည် နှစ် နိုင်ငံနယ်ခြားစောင့်တပ်အချင်းချင်း အောက်ခြေအဆင့် ညှိနှိုင်းဖြေရှင်းနိုင်သော်လည်း မီဒီယာများမှ နှစ်နိုင်ငံအစိုးရချင်း၊ ပြည်သူအ ချင်းချင်းရှိပြီးချစ်ကြည်ရင်းနှီးမှုအား ပျက်ပြားစေရန်နှင့် အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်နိုင်သဖြင့် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်မှု၊ ပျက်ပြားမှု မရှိစေရေး နယ်စပ်ဒေသဆက်ဆံရေးအား မြန်မာနိုင်ငံအစိုးရဘက်ကလည်း သတိပြု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK