Top News

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းများတွင် DEMU ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲ
24htopnews | November 30, 2024 9:12 PM CST

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် Diesel Electric Multiple Unit( DEMU) ရထားတွဲဆိုင်းအသစ်များ နိုဝင်ဘာ ၂၉ ရက်တွင် စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။

အဆိုပါ DEMU ရထားတွဲဆိုင်းအသစ်များ စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို  နိုဝင်ဘာ ၂၉ ရက် ရန်ကုန် ဘူတာကြီး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် နစကဥက္ကဋ္ဌက ယနေ့အခမ်းအနားသည် ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းလုပ်ငန်းများနှင့် စပိန်နိုင်ငံမှ ဝယ်ယူတင်သွင်းထားသည့် DEMU ရထားတွဲဆိုင်းသစ်များကို ရန်ကုန်မြို့ပတ်ရထားခရီးစဉ် စတင်ပြေးဆွဲခြင်း အခမ်းအနားဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိသည့် ပြည်သူများနှင့်နိုင်ငံတစ်ဝန်းလုံးက ပြည်သူများအတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ထူးထူးခြားခြား မှတ်တမ်းပြုရမည့် နေ့တစ်နေ့ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ရထားလမ်းများ ကြံ့ခိုင်ကောင်းမွန်ပြီး ချောမွေ့မှုရှိစေရေး ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်းအင်ဂျင် နီယာပညာရှင်များကို အဓိကအားထားပြီး နည်းပညာများ တိုးတက်လာစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ အနာဂတ်တွင် လျှပ်စစ်ရထား ပြေးဆွဲနိုင်ရေးကို မလွဲမသွေလုပ်ဆောင်ရမည် ဖြစ်သည့်အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ စက်ခေါင်းနှင့်တွဲများ တည်ဆောက်ရေးကို ပြည်တွင်း၌ပင် ထုတ်လုပ် တည်ဆောက်နိုင်ရေးနှင့် သုတေသနပြု နည်းပညာများမှ တစ်ဆင့်တီထွင် ဆန်းသစ်မှုများ ဆောင်ရွက် လျက်ရှိကြောင်းနှင့် ထိုသို့ ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်ပေးမှုများ၏ ရလဒ်အသီးအပွင့်တစ်ခုအဖြစ် ရန် ကုန်မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပြီး ခေတ်မီ DEMU ရထားတွဲဆိုင်း အသစ်များဖြင့် စတင်ပြေးဆွဲခြင်းကို  ယခုကဲ့သိုအောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းပင် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။   

ထို့နောက် နစကဥက္ကဋ္ဌထံ နစကအဖွဲ့ဝင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းတွင် ခေတ်မီီ Diesel Electric Multiple Unit (DEMUT) ရထားတွဲဆိုင်း အ သစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ်လက်ဆောင်အား ဂါရဝပြု ပေးအပ်ခဲ့ကြောင်း သိရသည်။                      

ယင်းနောက် နစကဥက္ကဋ္ဌနှင့်အတူ နစကတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ခေတ်မီ DEMU ရထားတွဲဆိုင်း အသစ်များအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မီးရထားစက်ခေါင်းအား အမွှေးန့ံသာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရန်ကုန်မြို့ပတ်လက်ဝဲရစ် ခရီးစဉ်အဖြစ် ခေတ်မီ DEMU ရထားတွဲဆိုင်း စတင်ထွက်ခွာရာ နစကဥက္ကဋ္ဌနှင် ့အဖွဲ့ဝင်များက ခရီးသွားပြည်သူများအား နှုတ်ဆက်ကာ ရန်ကုန်မြို့ပတ် လက်ယာရစ် ခရီးစဉ်အဖြစ် ခေတ်မီ DEMU ရထားတွဲဆိုင်း အသစ်များဖြင့် လိုက်ပါစီးနင်းပြီး ခရီးသွားပြည်သူများအား နှုတ်ဆက်၍ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြင့်တင်ရေး စီမံကိန်းများအတွက် အကြိုအင်ဂျင်နီယာ လုပ်ငန်းများကို ၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဆောင်ရွက်ခဲ့ကြောင်း၊ တည်ဆောက်ရေးကာလကို ၂၀၁၇ ခုနှစ်တွင် စ တင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆောင်ရွက်ပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများနှင့်အတူ စပိန်နိုင်ငံမှဝယ်ယူရောက် ရှိလာသည့် ခေတ်မီ DEMU လေအေးစက်ပါ ရထားတွဲဆိုင်းအသစ်များ အသုံးပြုပြီး မြို့ပတ်ရထားစီးခရီး သွားပြည်သူများကို ပိုမိုအဆင်ပြေကောင်းမွန်သည့် ဝန်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက်ပေးနိုင် တော့မည်ဖြစ်ကြောင်း၊ အလိုအလျောက် မီးရောင်ပြောင်းအချက်ပြနှင့် ဆက်သွယ်ရေးစနစ်များ တပ်ဆင်ပြီး ခေတ်မီရထား ပြေးဆွဲမှုစနစ်ဖြစ်သည့်အတွက် ယခင်ကပြေးဆွဲမှုတစ်နာရီကီလိုမီတာ ၄၀ နှုန်းမှ ကီလိုမီတာ ၆ဝနှုန်းအထိ တိုးမြှင့်ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း၊ နေ့စဉ်RBE ရထားအစင်း(၂၀)နှင့် DEMU (၁၅)စင်း အသုံးပြုပြီး အစားထိုးပြေးဆွဲပေးမည် ဖြစ်သဖြင့် ခရီးသွားပြည်သူများအနေဖြင့် မြို့ပတ်ရထားများကို ယခင်ကထက် ပိုမိုမြန်ဆန် အဆင်ပြေချောမွေ့စွာဖြင့် လိုရာခရီးသို့ စီးနင်းသွားလာ နိုင်မည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK