Top News

ဆက်သွယ်ရေး လိမ်လည်မှုများနှင့်ပတ်သက်၍ သံသယရှိသူ ၃၁၀၀၀ ကျော်ကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ဟု တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ထုတ်ပြန်
24htopnews | November 30, 2024 10:12 PM CST

ဆက်သွယ်ရေး လိမ်လည်မှုများတွင် ပါဝင်ပတ်သက်ခဲ့သော သံသယရှိသူ ၃၁၀၀၀ ကျော်ကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်ဟု နိုဝင်ဘာ ၂၁ ရက်တွင် တရုတ်၏ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS) က ထုတ်ပြန်လိုက်ပြီး ယင်းသည် နှစ်နိုင်ငံအကြား ဆက်သွယ်ရေး လိမ်လည်မှုအဖွဲ့များကို ဖြိုခွင်းရန် ပူးတွဲကြိုးပမ်းမှုများတွင် ထူးခြားသောအောင်မြင်မှုဖြစ်သည်ဟု ဆိုသည်။

သံသယရှိသူများထဲတွင် ဘဏ္ဍာရေးပိုင်း ထောက်ပံ့ပေးသူများ၊ အဖွဲ့ခေါင်းဆောင်များ၊ အဓိကလူများသာမက အွန်လိုင်းလုပ်ကိုင်နေသော တရားခံပြေး ၁၅၃၁ လည်းပါဝင်နေသည်ဟု ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃ ခုနှစ်က စက်တင်ဘာလကတည်းက ယူနန်ပြည်နယ်ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်သည့် ဆက်သွယ်ရေးလိမ်လည်မှုကို ပစ်မှတ်ထားသော အထူးစစ်ဆင်ရေးများမှ  တစ်ဆင့်အောင်မြင်သော ရလဒ်များကို တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနက အလေးပေးဖော်ပြထားသည်။

 နိုဝင်ဘာလတွင် တရုတ် ပြည်သူ့လုံခြုံရေးအာဏာပိုင်များသည် မြန်မာနိုင်ငံမြောက်ပိုင်း ဆက်သွယ်ရေးနှင့် အင်တာနက် လိမ်လည်မှုတို့ကို တိုက်ဖျက်မှုအား အရှိန်မြှင့်တင်ရန် နယ်စပ်ဒေသ မြန်မာနိုင်ငံနှင့် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင်ဆောင်ရွက်ခဲ့သည်။

မြီကော့ဖျင်၊ မြီကျွီလန်၊ မြီကျန်းကျန်းတို့အပါအဝင် ဆက်သွယ်ရေး လိမ်လည်မှုအဖွဲ့ ခေါင်းဆောင်အချို့ကို ဖမ်းမိခဲ့ပြီး တရုတ်နိုင်ငံကို လွဲှပြောင်းပေးခဲ့သည်။ နောက်ထပ်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သော မြီချောက်ရှန်းသည် ဖမ်းဆီးခံခဲ့ရပြီးနောက် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့သည်။

မြန်မာနိုင်ငံ မြောက်ပိုင်း မူဆယ်ရှိ ရဲတပ်ဖွဲ့များက သံသယရှိသူ ၅၇၁ ဦးကို လွှဲပြောင်းပေးခဲ့သောကြောင့် နိုဝင်ဘာ ၁၈ ရက်တွင် ယူနန်ပြည်နယ်ရှိ ဒီဟောင်းပြည်သူ့လုံခြုံရေးဌာနသည် နယ်စပ်ဥပဒေထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွင် ကြီးကြီးမားမားအောင်မြင်မှုရခဲ့သည်ဟု ဆိုသည်။

ပြည်ပ လိမ်လည်ရေးလုပ်ငန်းအများအပြားကို ဖြိုဖျက်ခဲ့ခြင်းဖြစ်ရာ နိုင်ငံတကာ လိမ်လည်မှုအုပ်စုများအတွက် ပြင်းထန်သော ထိုးနှက်ချက်ဖြစ်ခဲ့ရသည်ဟု ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

အဆိုပါဆောင်ရွက်ချက်များသည် လိမ်လည်သူများကို ပြင်းထန်သော ဟန့်တားမှုအဖြစ် လုပ်ဆောင်ပေးခဲ့သည်။

 ထပ်မံစုံစမ်းစစ်ဆေးမှုများလုပ်ဆောင် ရန်အတွက် သံသယရှိသူ ၃၁၀၀၀ ကို ဒေသဆိုင်ရာ ပြည်သူ့လုံခြုံရေး ဌာနများထံလွှဲ ပြောင်းပေးလိမ့်မည်ဟု MPS က ဖော်ပြခဲ့ပြီး ၎င်းတို့ကို ဥပဒေနှင့်အညီ အရေးယူမည်ဟု ဆိုသည်။

ပြည်သူ့လုံခြုံရေးအာဏာပိုင်များသည် လိမ်လည်မှုလုပ်ငန်းများကို လုံးလုံးအမြစ် ဖြတ်ချေမှုန်းရန်နှင့် ဥပဒေချိုးဖောက်သော အပြစ်လုပ်မှုများတွင် ပါဝင်ပတ်သက်သော လူများကို ဥပဒေနှင့်အညီ ဖမ်းဆီးရန် မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက်ထားသော ဆက်သွယ်ရေးနှင့် အင်တာနက် လူလိမ်အဖွဲ့များအား ဆက်လက်ဖိအားပေးသွားမည်ဟု ဆိုသည်။


READ NEXT
Cancel OK