မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွဒေသအတွင်း နိုဝင်ဘာ ၁၀ ရက်မှစတင်ကာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ယာယီပိတ်ထားသည့် စာသင်ကျောင်းများအနက်မှ ကျောင်း ၁၀ ကျောင်းအား နိုဝင်ဘာ ၂၀ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်ပညာရေးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
ပြန်လည်ဖွင့်လှစ်ခဲ့သည့် အခြေခံပညာ စာသင်ကျောင်းများမှာ တောင်ကလေးစံပြကျေးရွာရှိ အထက (တောင်ကလေး)၊ မိကသစ်ကျေးရွာရှိ အထက (ခွဲ)ကျောင်း၊ ဖနုံကျေးရွာရှိ အလက (ခွဲ) ကျောင်း၊ ကရင်လှိုင်ကျေးရွာရှိ အလက (ခွဲ)ကျောင်း၊ သရက်ကုန်းကျေးရွာရှိ အမက (မူလွန်) ကျောင်း၊ တောင်ကလေးစံပြကျေးရွာရှိ အမက (မူလွန်) ကျောင်း၊ ရွှေဝါချောင်ကျေးရွာရှိ အမကကျောင်း၊ ဖနုံကျေးရွာရှိ အမကကျောင်းနှင့် တောင်ကလေးစံပြကျေးရွာရှိ အမကကျောင်းတို့ဖြစ်ကြကြောင်း သိရသည်။
“လက်ရှိမှာ နယ်မြေအခြေအနေတွေ အနည်းငယ်တည်ငြိမ်နေတဲ့ဒေသတွေက စာသင်ကျောင်းတချို့ကို ပြန်လည်ဖွင့်လှစ်ပေးလိုက်တာဖြစ်တယ်လို့ သိရတယ်။ ကျန်ယာယီပိတ်ထားတဲ့ စာသင်ကျောင်းတွေကိုလည်း နယ်မြေအခြေအနေတွေအပေါ် မူတည်ပြီးတော့ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်” ဟု မြို့နယ်ပညာရေးဦးစီးဌာနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ပြန်လည်ဖွင့်လှစ်ခဲ့သည့် အခြေခံပညာစာသင်ကျောင်း ၁၀ ကျောင်းတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၉၁၉ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွဒေသအတွင်း နိုဝင်ဘာ ၁၀ ရက်မှစတင်ကာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ချောင်းနှစ်ခွကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများအတွင်းရှိ အခြေခံပညာစာသင်ကျောင်း စုစုပေါင်း ၃၅ ကျောင်းအား နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
