Top News

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ လားရှိုး၊ သိန္နီ၊ ပန်ဆိုင်း(ကြူကုတ်)၊ ကျောက်မဲနှင့် မူဆယ်မြို့နယ်တို့တွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင် တစ်သောင်းကျော်ရှိနေပြီး စားနပ်ရိက္ခာနှင့် အရေးပေါ်အကူအညီများ လိုအပ်နေ 
24htopnews | November 30, 2024 10:12 PM CST

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ကွတ်ခိုင်၊ လားရှိုး၊ သိန္နီ၊ ပန်ဆိုင်း(ကြူကုတ်)၊ ကျောက်မဲနှင့် မူဆယ်မြို့နယ်တို့တွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင် ၁၀၆၈၀ ရှိနေပြီး စားနပ်ရိက္ခာနှင့် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် မုံးစီးမြို့နယ်(ခွဲ) နမ့်မောကျေးရွာ၊ နမ့်ဝမ်းကျေးရွာနှင့် မန်ဆာကျေးရွာ ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံကြသည့် မုံးကိုး စစ်ဘေးရှောင်​ဦးရေ ၁၅၂၃ ဦး လတ်တလောတွင် စားသောက်ကုန်များ နှင့် ချက်စရာဟင်းများအပြင် အနွေးထည်များ၊ အမျိုးသမီးအသုံး အဆောင်ပစ္စည်းများ နှင့် ကလေးအသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ ကောင်းခန့် စစ်ဘေးရှောင်စခန်းနှင့် မိုင်းတင်ကောင်းခန့် စစ်ဘေးရှောင်စခန်း နှစ်နေရာတွင်လည်း စစ်ဘေးရှောင်ဦးရေ ၈၂၀ ရှိပြီး လတ်တလောတွင် စားနပ်ရိက္ခာအပြင် အမျိုးသမီးအသုံးအဆောင်များနှင့် ကလေးအသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် သိန္နီမြို့နယ်ရှိ ဘုန်းကြီးကျောင်း ကိုးကျောင်း၌ ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းများတွင်လည်း စစ်ဘေးရှောင်ဦရေ ၆၀၂၃ ဦး ရှိပြီး လတ်တလောတွင် စားနပ်ရိက္ခာအပြင် အမျိုးသမီးအသုံးအဆောင်များနှင့် ကလေးအသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ရပ်ကွက်ပေါ်တွင် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်ဦးရေ ၁၀၃၁ ဦး ရှိပြီး လတ်တလောတွင် စားနပ်ရိက္ခာအပြင် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဆိုသည်။ 

ထို့ပြင် ကျောက်မဲမြို့နယ် ကြူရှောမြောက်ကျေးရွာ ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်ဦးရေ ၁၂၄ ဦးရှိပြီး လတ်တလောတွင် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း၊ ကျောက်မဲမြို့နယ် မန်ခါကျေးရွာ ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်ဦးရေ ၂၃၇ ဦးရှိပြီး လတ်တလောတွင် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။

ထို့အတူ  လားရှိုးမြို့ တောရရှမ်းဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်ဦးရေ ၃၂၂ ဦး ရှိပြီး လတ်တလောတွင် စားနပ်ရိက္ခာ အကူအညီများ လိုအပ်လျက်ရှိကြောင်း၊ မူဆယ်မြို့နယ် ဝေဋုဝန် (မြို့လယ်ဘုရားကျောင်း) တွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်ဦးရေ ၅၃၁ ဦးရှိပြီး လတ်တလောတွင် စားနပ်ရိက္ခာ အကူအညီများ လိုအပ်လျက်ရှိကြောင်းနှင့် လားရှိုးမြို့နယ် Bamboo စခန်းတွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်ဦးရေ  ၆၉ ဦးရှိပြီး လတ်တလောတွင် အခြေခံလူသုံးကုန်ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။ 


READ NEXT
Cancel OK