ပြင်ဦးလွင် - နောင်ချို - ကျောက်မဲ - လားရှိုးပြည်ထောင်စု လမ်းမကြီးပေါ်တွင် ပိတ်ဆို့ဖျက်ဆီးထားသည့် နေရာများအား ရှင်းလင်းနိုင်ခဲ့ခြင်းကြောင့် ကျောက်မဲမြို့အထိ သွားလာနိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
TNLA အဖွဲ့နှင့် PDF များသည် ပြင်ဦးလွင် - နောင်ချို - ကျောက်မဲ - လားရှိုး ပြည်ထောင်စုကား လမ်းမကြီး တစ်လျှောက်ရှိ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်အနီးတွင် တစ်နေရာ၊ လယ်ကျင်းကွေ့ကျေးရွာအနီးတွင် တစ်နေရာ၊ အုမ္မခါးကျေးရွာအနီးတွင် တစ်နေရာ၊ ဂုတ်တွင်းရှုခင်းသာ အနီးတစ်ဝိုက်တွင် တစ်နေရာ၊ နောင်ပစ်လမ်းခွဲ နေရာတွင် တစ်နေရာ၊ နောင်ပစ်နှင့်နောင်ပိန်းကျေးရွာ ကြားနေရာတစ်ဝိုက်တွင် (၇)နေရာတို့၌ မြေဖြတ်ကျင်း များတူး၍ လမ်းအားဖြတ်တောက်ပိတ်ဆို့ခြင်း၊ အချို့နေရာများတွင် သစ်ပင်ကြီးများ အား ခုတ်လှဲပိတ်ဆို့ခြင်းနှင့် မြေကြီးများ စုပုံပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သဖြင့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများ သွားလာမှုရပ်တန့်ခဲ့ရကြောင်း နစက က ထုတ်ပြန်သည်။
ယင်းသို့သော လုပ်ရပ်များကြောင့် ပြည်သူများ၏ အရေးပေါ် ကျန်းမာရေးကိစ္စများအတွက် သွားလာရန် အခက်အခဲဖြစ်ပေါ်ခဲ့ရပြီး ဆုံးရှုံးနစ်နာမှုများ တွေ့ကြုံခဲ့ရကြောင်း၊ TNLA အဖွဲ့နှင့် PDF များမှ လမ်းပိတ်ဆို့ဖျက်ဆီးထားသည့် နေရာများအား နိုဝင်ဘာ ၆ ရက်မှစ၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ကာ အတားအဆီးများအား ဖယ်ရှားရှင်းလင်း၍ အများပြည်သူ အဆင်ပြေချောမွေ့စွာ ပြန်လည်အသုံးပြုသွားလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင် ပိတ်ဆို့ဖျက်ဆီးထားသည့် နေရာ ၁၂ နေရာအား ပြန်လည်ဖယ်ရှားရှင်းလင်းပေးနိုင်ခဲ့ပြီး ကျောက်မဲမြို့အထိ ပုံမှန်အတိုင်းသွားလာနိုင်ပြီးဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။
အဆိုပါ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် ကျန်ရှိသည့် နေရာများကိုလည်း ပုံမှန် အတိုင်း ပြန်လည်အသုံးပြု သွားလာနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။
TNLA အဖွဲ့နှင့် PDF များအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း အပါအဝင် လုပ်ငန်းများကို နည်းမျိုးစုံဖြင့် လုပ်ကိုင်လျက်ရှိသည့်အပြင် ဒေသအတွင်း ကုန်စည်စီးဆင်းမှု ပျက်ပြားစေရန် အများပြည်သူ အသုံးပြု သွားလာလျက်ရှိသော လမ်းများအား ကန့်လန်ဖြတ်မြောင်းကြီးများ တူး၍ လမ်းအား ဖျက်ဆီးကာ မြေဆိုင်များဖြင့် ပိတ်ဆို့ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်းလည်း နစကမှ ထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
