မြို့နယ်အချို့တွင် အခြေခံပညာကျောင်းများပိတ်ရမည့်ဆိုသည့် ကောလာဟလ ထုတ်လွှင့်နေပြီး ကျောင်းများပိတ်ထားခြင်းမရှိဘဲ ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နိုဝင်ဘာ ၂၀ ရက်က အခြေခံပညာကျောင်းများနှင့်ပတ်သက်၍ ထွက်ပေါ်နေသော ကောလာဟလ သတင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့မှာတော့ အခြေခံပညာကျောင်းတွေနဲ့ပတ်သက်ပြီး ကောလာဟလများ ထုတ်လွှင့်နေတာကို တွေ့ရပါ တယ်။ တစ်ချို့သော မြို့နယ်တွေမှာ အခြေခံပညာကျောင်းတွေနဲ့ပတ်သက်ပြီးတော့ ကျောင်းပိတ်ရမယ့် အခြေအနေရှိတယ်၊ ကျောင်းပိတ်မယ်ဆိုတဲ့ဟာမျိုးတွေ ကောလာဟလ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး မည်သည့်ကျောင်းကိုမှ ကျွန်တော်တို့ ပိတ်တာမရှိပါဘူး။ ပုံမှန်အတိုင်း ဆက်လက် ဖွင့်လှစ်သွားမယ်ဆိုတာကို ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အထက်ပါကဲ့သို့သော ကောလာဟလများသည် န်ငံတော်၏ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍများကို ထိခိုက်ဖျက်စီးလိုသည့် လူပုဂ္ဂိုလ်များက ထုတ်လွှင့်နေခြင်းဖြစ်ပြီး တက်ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများအနေနှင့် စိတ်အေးချမ်းသာစွာ ဆက်လက်ပညာသင်ကြားကြရန် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ဒါ့အပြင် ကျွန်တော်တို့ တက္ကသိုလ်တွေ၊ ကောလိပ်တွေကိုလည်း ဒီလ ၂၃ ရက်နေ့မှာ ပြန်ဖွင့်မှာ ဖြစ်ပါတယ်။ ၁၆ ရက်နေ့ကနေစပြီး စတင်လက်ခံနေပြီ ဖြစ်ပါတယ်။ ဒီလက်ခံတဲ့ နေရာမှာတော့ ယခင်နှစ်ကထက် ပိုမိုလက်ခံရရှိကြောင်း ကျွန်တော်တို့ တွေ့ရပါတယ်။ ဒီကြားထဲမှာတော့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အဝေးသင်စာမေးပွဲတွေ ဖြေရမှာပေါ့။ အဲဒီမှာတော့ လုံခြုံရေး အခြေအနေအရ လွိုင်ကော်နဲ့ ကသာမှာပဲ ကျွန်တော်တို့ ဖြေလို့မရခဲ့တာ ရှိပါတယ်။ ဒီစာမေးပွဲတွေကိုတော့ ဆိုင်းငံ့ထားပြီး တော့ ပြန်လည်ဖြေဆိုသွားမှာ ဖြစ်ပါတယ်’’ ဟု ပြောကြားသည်။
နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ ပြည်တွင်း ပြည်ပမှ လူပုဂ္ဂိုလ်များ၊ မီဒီယာများ ပူးပေါင်းပြီး ကောလာဟလများ သတင်းများကို အချိန်ကိုက် ပူးပေါင်းထုတ်လွှင့်နေခြင်းများ ရှိကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ထင်ယောင်ထင်မှားဖြစ်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ စီးပွားရေးအရ စက်သုံးဆီကဏ္ဍ တိုက်ခိုက်ခဲ့တာ ရှိတယ်။ ဘဏ်လုပ်ငန်းတွေ တိုက်ခိုက်ခဲ့တာ ရှိတယ်။ အခု ဒါ ပညာရေးကဏ္ဍကို တိုက်ခိုက်တဲ့နေရာမှာတော့ ကောလဟလဆိုတာထက် ကျောင်းတွေမှာ တီးတိုးဝါဒ ဖြန့်မှုပုံစံမျိုး၊ ပြီးမှ ကောလဟလ လိုက်တဲ့ပုံစံမျိုးနဲ့ ကျောင်းတွေပိတ်မယ်ဆိုတဲ့ဟာမျိုးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အထက်ပါကိစ္စများသည် မိမိတို့ နိုင်ငံ၏ အနာဂတ်၊ ကျောင်းသူ၊ ကျောင်းသားများ၏ အနာဂတ်ကို ထိခိုက်စေခြင်းကြောင့် နိုင်ငံတော်အစိုးရနှင့် ပြည်သူများပူးပေါင်း၍ တုံ့ပြန်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
