Top News

တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတွင် ပါဝင်လွှတ်တင်ယှဉ်ပြိုင်မည့် မီးပုံးပျံအဖွဲ့များကို ဖုန်းဖြင့် SMS ပေးပို့၍ မဲပေးနိုင်
24htopnews | November 30, 2024 10:12 PM CST

၂၀၂၃ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို MPT ဆင်းကတ်ဖြင့် SMS ပေးပို့ရမည့်နံပါတ်သို့ Voting Number များကို မိမိကြိုက်နှစ်သက်ရာ မီးအဖွဲ့များအား Voting ပေးပို့၍ အားပေးနိုင်ကြောင်း  တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီမှ သိရသည်။

တစ်ကြိမ် Voting ပေးလျှင် ၁၅ ကျပ်ဖြစ်ကာ နေ့လွှတ်နှင့် ညလွှတ်မီးပုံးပျံများကို မဲပေးစနစ်ဖြင့် အမှတ်ပေးနိုင်ကြောင်း သိရသည်။

ညလွှတ်မီးပုံးပျံအစီအစဉ်တွင် ညမီးကြီး ၂၅ ပေ မီးပုံးပျံ၊ ညမီးကြီး၂၂ ပေမီးပုံးပျံနှင့် စိန်နားပန် ၁၈ ပေ မီးပုံးပျံတို့ ဖြစ်သည်။ နေ့လွှတ်အရုပ်မီးပုံးပျံအစီအစဉ်တွင် အရုပ်ခြေ နှစ်ချောင်းမီးပုံးပျံ၊ အရုပ်ခြေလေးချောင်းမီးပုံးပျံနှင့် အရုပ်အုပ်စုမီးပုံးပျံတို့ကို လွှတ်တင်သွားမည်ဖြစ်သည်။

လွှတ်တင်ပြိုင်ပွဲဝင်ကြမည့်မီးအဖွဲ့များ အားလုံးကို Voting System ဖြင့် ပထမ၊ ဒုတိယ၊ တတိယဆုများအဖြစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း တောင်ကြီးတန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ မီးပုံးပျံများအတွက် ဆုများချီးမြှင့်ရာတွင် Voting ၅၀ ရာခိုင်နှုန်း၊ မီးပုံးပျံပညာရှင် ၅၀ ရာခိုင်နှုန်းဖြစ်ပြီး မီးလောင်ပျက်စီးသောမီးပုံးပျံများ Voting ပေးရန်မလိုကြောင်း တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီမှ သိရသည်။

ထို့ပြင် တောင်ကြီးတန်ဆောင်တိုင်မီးပုံး ပျံကွင်း (အဝေရာကွင်း) ကို ပြန်လည်ပြင်ဆင်နေပြီး အများစိုးရိမ်နေကြသလို ဝင်ကြေးကျပ် ၃၀၀၀ ကောက်ခံသွားမည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီထုတ်ပြန်ချက်အရ သိရသည်။

တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ခုနစ်ရက်တိုင်တိုင် ကျင်းမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့တန်ဆောင်တိုင်မီးပုံးပျံ ပွဲတော်ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဖိတ်ခေါ်ထားပြီး ရောင်စုံဓာတ်ပုံပြိုင်ပွဲဆုကြေးများမှာ ပထမဆု ကျပ်သိန်း ၅၀၊ ဒုတိယဆု ကျပ်သိန်း ၄၀၊ တတိယဆု ကျပ်သိန်း ၃၀ ဖြစ်ကာ၊ အထူးဆုများအတွက် တစ်ဆုလျှင် ကျပ် ၁၀ သိန်းစီ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တောင်ကြီးတန်ဆောင်တိုင် မသိုးသင်္ကန်းရက်လုပ်ခြင်း၊ မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော်နှင့် မီးပဒေသာပြိုင်ပွဲတို့ကို လည်းထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK