အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် ထိုင်းနိုင်ငံရှိ ကုမ္ပဏီ ၁၃၀ နီးပါးကို အမည်ပျက်စာရင်းသွင်းထားပြီး ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်နေသည့် မြန်မာကုမ္ပဏီ ခြောက်ခုကိုလည်း လုပ်ငန်းလိုင်စင် ယာယီပိတ်သိမ်းထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
ထိုင်းနိုင်ငံတွင် အခြေစိုက်သည့်အလုပ်သမားအခွင့်အရေး ချိုးဖောက်သည့် ကုမ္ပဏီ ၁၂၆ ခု၊ ထိုင်းနိုင်ငံသား ၁၂၅ ဦး၊ ထိုင်းအေဂျင်စီ ၂၀ ခုတို့ကို အမည်ပျက်စာရင်းသွင်းထားခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါကုမ္ပဏီများသည် ထိုင်းနိုင်ငံသို့ မြန်မာလုပ်သားစေလွှတ်ရာတွင် သက်မှတ်စည်းကမ်းနှင့် မညီခြင်း အလုပ်သမားအခွင့်အရေးများ ချိုးဖောက်မှုများရှိနေသည့်အတွက် အမည်ပျက်စာရင်းသွင်း၍ အရေးယူခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
အလားတူ ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်နေသည့် မြန်မာအေဂျင်စီရှစ်ခုကိုလည်း လိုင်စင်ခြောက်လမှ တစ်နှစ် ယာယီရုပ်သိမ်းပြီး အေဂျင်စီ ၄၃ ခုကို လိုင်စင် ရာသက်ပန်ရုပ်သိမ်းထားကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ အလုပ်သမားစေလွှတ်ခွင့်လိုင်စင်ရယူထားသည့် အေဂျင်စီ ၅၀၀ နီးပါးရှိပြီးထိုင်းသို့ စေလွှတ်ခွင့်လိုင်စင် ရယူထားသည့်အေဂျင်စီ ၁၅၀ နီးပါးရှိကြောင်း သိရသည်။
လတ်တလောတွင် ထိုင်းနိုင်ငံသို့ မြန်မာရွှေ့ပြောင်းလုပ်သား အများအပြားသွား ရောက်လုပ်ကိုင်လျက်ရှိပြီး ထိုင်းအစိုးရဘက်မှလည်း မြန်မာလုပ်သားများအပါအဝင် ပြည်ပလုပ်သားများကို ဖြေလျှော့မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ဇူလိုင် ၅ ရက်တွင် ပြုလုပ်ခဲ့သည့် ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ အမည်စာရင်းတင်ပြထားသည့် နိုင်ငံခြားသား အလုပ်သမားများအား နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်သက်တမ်း တိုးမြှင့်ပေးကြောင်း၊ ယင်းကြောင့် ထိုင်းနိုင်ငံအတွင်းရှိ ပြည်ပအလုပ်သမားများအား ၂၀၂၃ ခုနှစ် သြဂုတ်မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီအထိ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ အဆိုပါကင်းလွတ်ခွင့်ကာလအတွင်း အလုပ်ရှင်များအနေဖြင့် ရက်ပေါင်း ၉၀ ကာလအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိရန် အမည်စာရင်း တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း၊ လုပ်သားများ၏ ၁၈ နှစ်အောက်ကလေးများကိုလည်း မိဘများအတိုင်း ခွင့်ပြုပေးကြောင်း၊ ၁၈ နှစ်ပြည့်ပြီးသူများမှာလည်း ၂၀၂၅ ခုနှစ်အထိ နေထိုင်ခွင့်ပြုပြီး အလုပ်လုပ်ကိုင်လိုပါက လျှောက်ထားရမည်ဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့က ထုတ်ပြန်သည်။
အလားတူ MoU သက်တမ်းလေးနှစ် ပြည့်ပြီးသူနှင့် လေးနှစ်ပြည့်မြောက်မည့် အလုပ်သမားများအတွက် နေထိုင်ခွင့်နှင့်အလုပ်လုပ်ကိုင်ခွင့်ကို ထပ်မံတိုးမြှင့်လိုက်ကြောင်း၊ ထိုင်းအလုပ်အကိုင်ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အလုပ်ရှင်က MoU စနစ်ဖြင့် အလုပ်သမားများ ပြန်လည်ခေါ်ယူနိုင်ရန်အတွက် အဆိုပါအလုပ်သမားများကို ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်တို့ကို အထူးကိစ္စရပ်အနေဖြင့် ၂၀၂၄ ခုနှစ် ဧပြီအထိ ခွင့်ပြုပေးလိုက်ကြောင်း ထုတ်ပြန်သည်။
လက်ရှိတွင် မြန်မာရွှေ့ပြောင်းလုပ်သား အများစုသည် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်လျက်ရှိပြီး တရားမဝင်သွားရောက်မှုများကြောင့် ဖမ်းဆီးခံရခြင်းများရှိနေကြောင်း ထိုင်းနိုင်ငံဘက်မှလာသော သတင်းများအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
