မြို့အချို့တွင် တိုက်ပွဲဖြစ်စဉ်များ၌ လက်နက်ကိုင်အဖွဲ့များက သိမ်းယူခဲ့သည့် ဘဏ်များတွင် ငွေအပ်နှံထားသော Customer များအနေဖြင့် အထောက်အထား တင်ပြလာပါက ငွေထုတ်ပေးနိုင်ရန် စီမံဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်က ပြောကြားသည်။
နိုဝင်ဘာ ၁၉ ရက်က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်တွင် လက်တလောဖြစ်ပွားနေသည့် တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်များတွင် ဘဏ်အချို့ကို ဝင်ရောက် တိုက်ခိုက်ပြီး ငွေကြေးကို လက်နက်ကိုင်အဖွဲ့အစည်းအချို့က သိမ်းယူသွားခြင်းများ ဖြစ်ပွားခဲ့ခြင်းကြောင့် ယင်းဖြစ်စဉ်တွင် ဆုံးရှုံးခဲ့ရသည့် ငွေကြေးများနှင့်ပတ်သက်၍ မည်သို့ စီမံဆောင်ရွက်သွားရန် ရှိပါသလဲဆို သည့် မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က အထက်ပါအတိုင်း ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ အဲဒီဖြစ်စဉ်မှာပါရှိတဲ့ ဘဏ်တွေရဲ့ Customer များအနေနဲ့ မိမိတို့ရဲ့ ငွေကြေးတွေကို အထောက်အထား များနဲ့ တင်ပြလာလို့ရှိရင် ဘဏ်တွေအနေနဲ့ ထုတ်ပေးနိုင်ဖို့ စီမံဆောင်ရွက်ထားရှိကြောင်း ပြောကြားလိုပါ တယ်။ ဘဏ်များမှာလည်း အထက်က ကျွန်တော်ဖော်ပြခဲ့သလို စနစ်တွေရှိတဲ့အတွက် သူတို့ရဲ့ Customer များရဲ့ စာရင်းတွေကို သိမ်းဆည်းထားပြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘဏ်များရဲ့ မည်သည့်ဘဏ်ခွဲမဆို Customer စာရင်းတွေကို တိုက်ဆိုင်စစ်ဆေးပြီးတော့ ဆောင်ရွက်ပေးသွားနိုင်မှာဖြစ်ကြောင်း ဖြေကြားလိုပါ တယ်” ဟု ဒေါက်တာလင်းအောင်က ပြောကြားသည်။
လက်တလာဖြစ်ပွားနေသော အခြေအနေများအပေါ် အခွင့်ကောင်းယူ၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းသာ ယာမှုနှင့် စီးပွားရေးတည်ငြိမ်မှုကို မလိုလားသော သတင်းမီဒီယာများနှင့် အဖွဲ့အစည်းများ၊ ၎င်းတို့ကို ထောက်ခံအားပေးသူများက လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းအမှားများ ရေးသား ဖော်ပြမှုများ ပြုလုပ်နေကြောင်း ဒေါက်တာလင်းအောင်က ပြောကြားသည်။
အဆိုပါ သတင်းများအနက် နယ်ဘဏ်ခွဲအချို့တွင် လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်လုယက်မှု ပြုလုပ်နေသည့် သတင်းမျးကို ဓါတ်ပုံများနှင့် ဖော်ပြပြီး ပြည်သူများ ထင်ယောင်ထင်မှားဖြစ်အောင်၊ ဘဏ်များမှ ငွေများ ထုတ်ယူ၍ မရတော့သကဲ့သို့ ရေးသားမှုများကြောင့် ပြည်သူများ စိုးရိမ်ပူပန်မှု မြင့်တက်ပြီး ဘဏ်များတွင် ငွေများကို လိုသည်ထက်ပို၍ ထုတ်ယူနေခြင်းဖြစ်ကြောင်း ဒေါက်တာလင်းအောင်က ပြောကြားသည်။
အများပြည်သူအနေဖြင့် မိမိအပ်နှံထားသည့် အပ်နှံငွေ အမျိုးအစားအပေါ် မူတည်ပြီး ဘဏ်မှ ငွေထုတ်ယူရာတွင် ကွဲပြားမှုများရှိနိုင်ပြီး Special Account ဆိုလျှင် မိမိငွေသားထည့်သွင်းခဲ့သည့် ပမာဏ အတိုင်း ငွေသားထုတ်ယူနိုင်ကြောင်း၊ ငွေစုဘဏ်စာရင်း(Saving Account) ဆိုလျှင် တစ်ပတ်တစ်ကြိမ် ငွေထုတ်ယူမှု ဆောင်ရွက်နိုင်မည်ဖြစ်ပြီး စာရင်းသေအပ်ငွေ(Fixed Deposit) ဖြစ်လျှင် သက်တမ်းပြည့်မည့် အချိန်မှသာ ငွေထုတ်ယူနိုင်မည်ဖြစ်ကြောင်း ဒေါက်တာလင်းအောင်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
