Top News

ဘဏ်လုပ်ငန်းအပေါ် မမှန်သတင်းထုတ်လွှင့်နေခြင်းသည် ဘဏ်များကို ယုံကြည်မှုများကျဆင်းပြီး မလိုအပ်ဘဲငွေထုတ်ခြင်းကြောင့် ငွေကြေးဖောင်းပွမှုများဖြစ်ပေါ်၍ ကုန်စျေးနှုန်းကြီးမြင့်ခြင်းများ ဖြစ်လာစေရန် ရည်ရွယ်တိုက်ခိုက်ခြင်းဖြစ်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
24htopnews | November 30, 2024 10:12 PM CST

ဘဏ်လုပ်ငန်းအပေါ် မမှန်သတင်းထုတ် လွှင့်နေခြင်းသည် ဘဏ်များအား ယုံကြည်မှု များကျဆင်းပြီး မလိုအပ်ဘဲ ငွေထုတ်ခြင်း ကြောင့် ငွေကြေးဖောင်းပွမှုများဖြစ်ပေါ်၍ ကုန်စျေးနှုန်းကြီးမြင့်ခြင်းများ ဖြစ်လာစေရန် ရည်ရွယ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် အစိုး ရမှ တရားဝင်အသိအမှတ်ပြုထားသည့် ဘဏ် များတွင် အပ်နှံထားသော အပ်ငွေများသည် ပိုင်ဆိုင်မှု၊ လွှဲပြောင်းမှုနှင့် ပြန်လည်ထုတ်ယူ မှုများတွင် ခိုင်မာသည့် အာမခံချက်ရှိပြီးဖြစ် ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဘဏ်လုပ်ငန်းစနစ်အပေါ် တိုက်ခိုက် နေသည့် ကောလာဟလသတင်းများနှင့် ပတ် သက်၍ နိုဝင်ဘာ ၁၈ ရက်က ပြန်လည်ရှင်း လင်းပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

“ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ တည် ငြိမ်မှုပျက်ယွင်းအောင်အတွက် ဘဏ်လုပ် ငန်းစနစ်အပေါ်မှာ မမှန်သတင်းထုတ်လွှင့် နေရခြင်းရဲ့ ရည်ရွယ်ချက် ဘာတွေရှိတုန်း ဆိုတော့ ဘဏ်များအပေါ်မှာ ယုံကြည်မှုတွေ လျော့လာပြီးတော့ မလိုအပ်ဘဲ ငွေတွေထုတ် တာ၊ အဲဒီငွေတွေကြောင့်မလို့ ငွေကြေးဖောင်း ပွမှုတွေ ဖြစ်ပေါ်လာမယ်။ ငွေကြေးဖောင်းပွမှု တွေ ဖြစ်ပေါ်လာရင် ကုန်စျေးနှုန်းကြီးမြင့်ခြင်း တွေ ဖြစ်ပေါ်လာဖို့ ရည်ရွယ်ပြီး တိုက်ခိုက်တာ ဖြစ်တယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ကြောင့် ဘဏ်များနှင့်ပတ်သက်၍ မမှန်သတင်းများ ထုတ်လွှင့်နေမှုများကို ပြည် သူများအနေနှင့် မယုံကြည်ကြရန်၊ နိုင်ငံတော် ၏ လူမှုစီးပွားဘဝတည်ငြိမ်ရေးအတွက် အ စိုးရ၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင် ရွက်ရန် အသိပေးလိုကြောင်းလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “မြန်မာနိုင်ငံ ရဲ့ ဘဏ်လုပ်ငန်းစနစ်က အလိုအလျောက်စီမံ ခန့်ခွဲနိုင်တဲ့ ဗဟိုထိန်းချုပ်တဲ့စနစ် Core Banking System ဖြစ်တယ်။ ဒီစနစ်အကြောင်း ကို ရှင်းပြရရင် ပြည်သူလူထု တစ်ဦးချင်းစီပဲ ဖြစ်ဖြစ်၊ အဖွဲ့လိုက်ပဲဖြစ်ဖြစ်၊ သူက ဘဏ်တစ် ခုမှာ အပ်ထားပြီဆိုရင် အဲ့ဘဏ်မှာတင် သူရဲ့ စာရင်းက ရှိတာမဟုတ်ဘူး။ ဗဟိုဘဏ်မှာ ရော၊ ဘဏ်မှာ၊ ကျန်တဲ့ အဲ့ဘဏ်နဲ့သက်ဆိုင်တဲ့ ဗဟိုဌာနချုပ်မှာရော၊ သူ့ရဲ့ စာရင်းက ရှိပြီးဖြစ် တယ်။ ဒါကြောင့်မလို့ ပြည်သူလူထုအနေနဲ့ ဘာမှဆုံးရှုံးစရာအကြောင်း မရှိဘူး။ ပြည်သူ လူထု တစ်ဦးချင်းစီအနေနဲ့ နိုင်ငံတော်အစိုးရ က တရားဝင်အသိအမှတ်ပြုထားတဲ့ မည် သည့်ဘဏ်မှာမဆို အပ်ငွေအပ်နှံထားရင် နံ ပါတ်တစ် ပိုင်ဆိုင်မှု၊ နံပါတ်နှစ် လွှဲပြောင်းမှု၊ နံပါတ်သုံး ပြန်လည်ထုတ်ယူမှုတွေမှာ ခိုင်မာ တဲ့အာမခံချက်ရှိပြီးဖြစ်တယ်လို့ အသိပေးချင် ပါတယ်” ဟု ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အ စိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခု နှစ်နှင့်အညီ နိုင်ငံတော် တာဝန်ထမ်းဆောင် နေသည့် အစိုးရဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပ ဒေအခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ ပုဒ်မ ၃၆၅ တွင် နိုင်ငံတော်သည် နိုင်ငံသားများ၏ တရား ဝင် ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့်စပ် လျဉ်း၍ ဥပဒေအရ အကာအကွယ်ပေးရမည် ဟု ပြဋ္ဌာန်းထားခြင်းကြောင့် ပြည်သူတစ်ဦး ချင်းနှင့် အဖွဲ့အစည်းအသီးသီးတို့၏ ဘဏ် အပ်ငွေများ၊ ပိုင်ဆိုင်မှုများကို နိုင်ငံတော်အစိုး ရက ခိုင်မာစွာအာမခံကြောင်း ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောကြားသည်။

“ပြည်သူလူထုကလည်း ခုနကပြောတဲ့ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေး နဲ့ တာဝန်အခန်းမှာ ပုဒ်မ ၃၈၈ မှာ ခေတ်မီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ပေါ်ထွန်း စေရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ် သည်ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့အညီ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြဖို့ လိုပါတယ်” ဟု ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောကြားသည်။

နိုဝင်ဘာလအတွင်း စက်သုံးဆီကဏ္ဍနှင့်ပတ်သက်၍ မမှန်သတင်းများ ဖြန့်ဝေပြီး တည်ငြိမ်မှုမရှိစေရန် ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်၌ ဆီလက်ကျန် ကျန်ရှိမှု၊ ထပ်မံ ရောက်ရှိလာမည့် ဆီတင်သင်္ဘောများ အခြေ အနေ၊ ဆီဖြန့်ဖြူးမှုအခြေအနေများအား တိကျခိုင်မာစွာဖြေရှင်းမှသာ ငြိမ်သက်သွား ခဲ့ကြောင်း၊ လက်ရှိတွင် ဘဏ်လုပ်ငန်းစနစ် အပေါ်တွင် မမှန်သတင်းများ ဖြန့်ဝေပြီး ထပ် မံတိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောကြားသည်။

ဘဏ်လုပ်ငန်းစနစ်အပေါ်တွင် မမှန်သတင်းများ ဖြန့်ဝေ၍ တိုက်ခိုက်လာသည့်အ ချက်များသည် ဘဏ်များတွင် ငွေထုတ်ယူရန် အခက်အခဲဖြစ်ပေါ်နေခြင်း၊ အကန့်အသတ် ဖြင့်သာ ငွေထုတ်ပေးနေခြင်း၊ ဘဏ်များတွင် အပ်ငွေများမရှိတော့ဆိုသည့်အချက်၊ ဘဏ် အပ်ငွေများကို ပြည်သူများ အများအပြား ထုတ်ယူနေသည်ဆိုသော ကောလာဟလများ ဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ကလည်း ဘဏ်လုပ်ငန်းစနစ်နှင့်ပတ်သက်၍ မမှန်သတင်းများ ဖြန့်ဝေပြီး တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း၎င်းက ပြောကြားသည်။


READ NEXT
Cancel OK