Top News

မုဒုံ မြို့မရဲစခန်း Drop Bomb ဖြင့်တိုက်ခိုက်ခံရပြီး၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့
24htopnews | November 30, 2024 10:12 PM CST

မုဒုံမြို့၊ မြို့မ (၁) ရပ်ကွက်ရှိ မုဒုံမြို့မရဲစခန်းတွင် ယနေ့ နိုဝင်ဘာ ၁၉ ရက်  မွန်းတည့် ၁၂ နာရီဝန်းကျင်ခန့်က Drone ဖြင့် Drop Bomb ချ တိုက်ခိုက်ခံခဲ့ရပြီး၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

မုဒုံမြို့မရဲစခန်းတိုက်ခီုက်ခံရမှုတွင် Drop Bomb မှာ ရဲစခန်းဝင်းအတွင်းရှိ လက်ဖက်ရည်ဆိုင်အပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး၊ လက်ဖက်ရည်ဆိုင်အမိုး သုံး ပေခန့် ပေါက်ပြဲပျက်ဆီးခဲ့ကာ ဆိုင်အတွင်းရှိ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မုဒုံမြို့ခံတစ်ဦးကပြောကြားသည်။

၎င်းကဆက်လင်ပြီး "ဒဏ်ရာရသွားတဲ့ အမျိုးသမီးက မသင်းသဇင်ဖူးလို့ သိရတယ်။ သူ့မှာ ဦးခေါင်း‌ ပေါက်ပြဲဒဏ်ရာနဲ့ ညာဘက်ပုခုံးတွေမှာ ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်" ဟု ပြောကြားသည်။

Drop Bomb ဖြင့်တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မသင်းသဇင်ဖူးအား လူမှုကူညီရေးအဖွဲ့က မုဒုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရကြောင်း ၎င်းမြို့ခံကဆိုသည်။

ထိုသို့ မုဒုံမြို့မရဲစခန်း Drop Bomb ဖြင့်တိုက်ခိုက်ခံရပြီးနောက် မုဒုံမြို့ အဝင်အထွက်နေရာများတွင် လုံခြုံရေးတိုးမြှင့်ကာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းလည်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက မုဒုံမြို့၊ မြို့မ (၁) ရပ်ကွက်၊ မော်လမြိုင် - သံဖြူဇရပ်ကားလမ်း သံတံတားအနီးတွင်ရှိ အသံမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သေးကြောင်း မြို့ခံများထံမှ သိရသည်။

 

 


READ NEXT
Cancel OK