၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၉ ရက် က ဖြစ်ပွားခဲ့သည် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုတွင် မီးငြိှမ်းသတ်ရင်း ဦးခေါင်းဒဏ်ရာရရှိပြီး သုံးလကျော်ကြာ ဆေးကုသမှုခံယူရင်း သေဆုံးခဲ့သည့် ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်စွာလင်းအား မေ ၅ ရက်တွင် ပြုလုပ်သည့် ၇၃ နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင် ရဲသူရိန်တံဆိပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တံဆိပ်ချီးမြှင့်အပ်နှံရာတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ချီးမြှင့်ခဲ့ပြီး ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်စွာလင်းကိုယ်စား ၎င်း၏ဇနီးဖြစ်သူက ဆုတံဆိပ် လက်ခံရယူခဲ့ကြောင်း သိရသည်။
၇၃ နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက စွမ်းဆောင်မှုဆိုင်ရာ ရဲသူရိန်တံဆိပ် ချီးမြှင့်အပ်နှင်းခံရသူ ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်စွာလင်းအပါအဝင် နှစ်ဦး၊ ရဲကျော်သူတံဆိပ် ချီးမြှင့်အပ်နှင်းခံရသူ တပ်ဖွဲ့ဝင် ငါးဦးအား ဂုဏ်ပြုတံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
ရဲသူရိန်ဆုတံဆိပ်သည် မီးငြှိမ်းသတ်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ရင်း အသက်စွန့်ခဲ့ရသည့်သူများအား ပေးအပ်သည့် ဆုတံဆိပ်ဖြစ်ကြောင်း သိရသည်။
ဓရဲသူရိန်တံဆိပ်ကတော့ မီးငြိှမ်းသတ်ရေးလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ အသက်စွန့်ကြိုးပမ်းခဲ့တဲ့ သူတွေကို ပေးအပ်တဲ့ ဆုတံဆိပ်ပါ။ တချို့ကျတော့ မသေဘူးပေါ့။ အဲဒီလိုလူတွေကို ချီးမြှင့်အပ်နှံတာပါ” ဟု ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၉ ရက်က ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်ကျွမ်းမှုတွင် မီးငြိှမ်းသတ်ယာဉ်စေလွှတ်မှု အဆင့် Level 5 သတ်မှတ်ပြီး မီးသတ်ကားအစီး ၇၀ ဖြင့် ငြိှမ်းသတ်ရပြီး နိုင်ငံခြားသားအပါအဝင် နှစ်ဦးသေဆုံးကာ မီးငြိှမ်းသတ်သည့် ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်စွာလင်းမှာ ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီး သုံးလကျော်ကြာ ဆေးကုသမှုခံယူရင်း သေဆုံးခဲ့ရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
