Top News

အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ဆောင်ရွက်မှုများအား အီရတ်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံများက ပြန်လည်သုံးသပ်မှု ပြုလုပ်မည်
24htopnews | December 1, 2024 3:12 AM CST

ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC)  အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ် ဒုတိယစက်ဝန်းတွင် ကွန်ဗင်းရှင်း၏ အခန်း(၂) Preventive Measures  နှင့် အခန်း (၅) Asset Recovery များအပေါ် မြန်မာနိုင်ငံ၏ ဆောင်ရွက်မှုများအား  အီရတ်နှင့် ဥဇဘတ်ကစ္စတန်နိုင်ငံများက ပြန်လည်သုံးသပ်မှုပြုလုပ်မည်ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။

နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ မေ ၆ ရက်က ကုလသမဂ္ဂအဂတိလိုက် စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း  (UNCAC)  အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်ပါ Country Visit အစည်းအဝေးဖွင့်ပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အီရတ်နှင့် ဥဇဘတ်ကစ္စတန်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

“ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC) အကောင်အထည်ဖော်ဆောင်မှု သုံးသပ်ရေးလုပ်ငန်းကို မြန်မာနိုင်ငံအနေနှင့် အခြားအဖွဲ့ဝင်နိုင်ငံများနည်းတူ ပထမစက်ဝန်း (၂၀၁၀-၂၀၁၅) ကာလအတွင်းလည်းကောင်း၊ ယခု ဒုတိယစက်ဝန်း (၂၀၁၆-၂၀၂၀)ကာလတွင်လည်းကောင်း ဆောင်ရွက်လျက်ရှိပါတယ်။ ကွန်ဗင်းရှင်းအကောင်အထည် ဖော်ဆောင်မှု သုံးသပ်ခြင်းလုပ်ငန်းစဉ်သည် ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေနှင့် ကွန်ဗင်းရှင်းပြဋ္ဌာန်းချက်များကို လိုက်နာလုပ်ဆောင်ခြင်းအပေါ် အခြားအဖွဲ့ဝင်နိုင်ငံများအား သတင်းအချက်အလက်ပေးရာတွင် အသုံးပြုသည့် လက်သုံးကိရိယာတစ်ခု ဖြစ်ပါတယ်” ဟုအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။

ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ ဆွေးနွေးညှိနှိုင်း သဘောတူထားသည့် ကိုယ်တိုင်ဆန်းစစ်ဖြေဆိုချက် (Self – Assessment Checklist)  ဖြင့် သုံးသပ်တင်ပြခြင်းဖြစ်သည့်အတွက် မိမိတို့နိုင်ငံအနေဖြင့် ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ရွက်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏အောင်မြင်မှု၊ Good Practices များသာမက အားနည်းချက်များ နှင့် စိန်ခေါ်မှုများကို နားလည်သဘောပေါက်စေသည့်အပြင် ကျွမ်းကျင်မှု နည်းပညာအကူအညီနှင့် လိုအပ်ချက်များအား ဖော်ထုတ်နိုင်မည့် အကျိုးသက်ရောက်မှုများ ရရှိနိုင်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။

ဦးအောင်ကြည်က “ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း သုံးသပ်ရေးလုပ်ငန်းစဉ် ပထမစက်ဝန်းတွင် ထိုင်းနိုင်ငံနှင့် ဘူရွန်ဒီနိုင်ငံတို့က မြန်မာနိုင်ငံအပေါ် သုံးသပ်ခြင်းဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံက တိုဂိုနိုင်ငံနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံအား သုံးသပ်မှုဆောင်ရွက်ခဲ့ပါတယ်”ဟု ပြောကြားသည်။

အဂတိလိုက်စားမှု၏ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်အားပေးသူ အပိုင်းပါဝင်စေရန် ပိုမိုကျယ်ပြန့်စွာ ဖွင့်ဆိုပြဋ္ဌာန်းခဲ့ခြင်း၊ ကျော်စောသတင်းကို ခိုင်လုံသော သက်သေအထောက်အထားရရှိနိုင်သည်ဟု ယုံကြည်ရပါက သတင်းပေးပို့ချက်အဖြစ် သတ်မှတ်နိုင်ခြင်း၊ အများပြည်သူအကျိုး ထုတ်ဖော်သတင်းပေးသူများအား အကာအကွယ်ပေးရေးဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိခြင်း၊ စီးပွားရေးလုပ်ငန်းများအား ကျင့်ဝတ်ရေးဆွဲလိုက်နာစေရန် အမိန့်ထုတ်ပြန်နိုင်ခြင်းများသည် နိုင်ငံဆိုင်ရာအကြံပြုချက်များနှင့် စပ်လျဉ်းပြီး ၂၀၁၈ ခုနှစ် ဇွန်လတွင် ပြဋ္ဌာန်းခဲ့သည့်  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေစတုတ္ထအကြိမ် ပြင်ဆင်ချက်တွင် ထည့်သွင်းနိုင်ခဲ့သည့် ပြဌာန်းချက်အသစ်များဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။

 


READ NEXT
Cancel OK