Top News

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အရေးပေါ်ရန်ပုံငွေမှ ကျပ်သန်း ၉၀၀၀ ကျော်ကို ဝန်ကြီးဌာနလေးခုက ခွဲဝေသုံးစွဲခဲ့သည့့်အနက် စိုက်/မွေး/ဆည် ဝန်ကြီးဌာနက ကျပ်သန်း ၇၃၀၀ ကျော် သုံးစွဲခဲ့
24htopnews | December 1, 2024 3:12 AM CST

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အရေးပေါ်ရန်ပုံငွေမှ ကျပ် ၉၀၉၅ ဒသမ ၂၆၂ သန်းကို ဝန်ကြီးဌာနလေးခုက ခွဲဝေသုံးစွဲခဲ့သည့်အနက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကျပ်သန်း ၇၃၃၀ ဒသမ ၇၀၅ သန်း သုံးစွဲခဲ့ကြောင်း သိရသည်။

မေ ၆ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ကျပ် ၉၀၉၅ ဒသမ ၂၆၂ သန်း ခွဲဝေသုံးစွဲသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် မတ်နှင့် ဧပြီလများတွင် ဖြစ်ပွား ခဲ့သည့် သဘာဝဘေးဒဏ် (လေပြင်းတိုက်၊ မိုးသည်းထန်စွာရွာသွန်းမှု) ကြောင့် ပျက်စီးခဲ့သည့် တိုင်းစစ်ဌာနချုပ် ၁၀ ခုနှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်သုံးခုတို့၏ ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ ၃၀ မှ အဆောက်အအုံ ၁၂၄ လုံးနှင့် ဆက်စပ်လုပ်ငန်း ၃၀ ခု ပြန်လည်ပြုပြင်ခြင်းဆောင်ရွက်ရာတွင် အရေးပေါ်ရန်ပုံငွေမှ ကျပ် ၃၁၈ ဒသမ ၀၆၆ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်သို့ တင်ပြခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် မိုးရာသီကာလအတွင်း ရေကြီးနစ်မြုပ်မှုနှင့် အခြားသဘာဝဘေးအန္တရာယ်များကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး /ပြည်နယ် ၁၃ ခုတို့တွင် ရေကြီးနစ်မြုပ်မှု ကြောင့် ၃၇၉၆၆၂ ဧက၊ အခြားသဘာဝဘေး အန္တရာယ်များကြောင့် ၉၄၁၈ ဧက၊ စုစုပေါင်း သီးနှံဧက ၃၈၀၀၈၀ ပျက်စီးခြင်းအတွက် သီးနှံပြန်လည်အစားထိုး စိုက်ပျိုးခြင်းအပေါ် ထောက်ပံ့ခြင်းများအတွက် ကျပ်သန်း ၇၃၃၀ ဒသမ ၇၀၅ သုံးစွဲခဲ့ကြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က လွှတ်တော်၌ ရှင်းလင်းတင်ပြခဲ့ သည်။

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူး ရုံးကွပ်ကဲမှုအောက် အမှတ် (၁၊ ၂၊ ၃၊ ၄) နယ် ခြားစောင့်ရဲတပ်ဖွဲ့ခွဲများရှိ အုပ်ချုပ်မှုနှင့် လူနေအဆောက်အအုံများတွင် လျှပ်စစ်မီးသွယ်တန်းတပ်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက် ခြင်းအတွက် ကျပ် ၅၈၇ ဒသမ ၄၃၇ သန်းသုံး စွဲခဲ့ကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက လွှတ်တော်သို့ တင်ပြခဲ့သည်။

ထို့အတူ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကျူးဘားနိုင်ငံ ဟာဗာနားမြို့တွင် မြန်မာသံရုံး တည်ထောင်ဖွင့်လှစ်ခြင်းအတွက် ကျပ် ၈၅၉ ဒသမ ၀၅၄ သန်း သုံးစွဲခဲ့ကြောင်း သိရသည်။ အဆိုပါဝန်ကြီးဌာနလေးခုက ကျပ် ၉၀၉၅ ဒသမ ၂၆၂ သန်း သုံးစွဲမှုနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။        


READ NEXT
Cancel OK