စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ဆယ်နှစ် ကျခံနေရသူတစ်ဦး နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်နှင့် လွတ်မြောက်လာခဲ့ပြီးနောက် မေ ၄ ရက်တွင် မူးယစ်ဆေးဝါးမှုဖြင့် ပြန်လည်ဖမ်းဆီးခံခဲ့ရကြောင်း ပင်လည်ဘူးမြို့မရဲစခန်းမှ စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်က ပင်လည်ဘူးမြို့နယ်၊ ပင်ကြိုင်းကျေးရွာအုပ်စု၊ စေတီဦးကျေးရွာတွင် နေထိုင်သူ ဖိုးမဲ(ခ)ချစ်ဌေးသည် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ဆယ်နှစ် ချမှတ်ခံခဲ့ရပြီးနောက် ၂၀၁၉ ခုနှစ် ဧပြီ ၂၆ ရက်တွင် နိုင်ငံတော်သမ္မတ၏ ဒုတိယအကြိမ် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ် မြောက်လာခဲ့ပြီးနောက် မေ ၄ ရက်တွင်ပင် လည်ဘူးမြို့နယ်ရဲတပ်ဖွဲ့နှင့် ဒေသတွင်းဖွဲ့ စည်းထားသည့် မိုးသောက်ကြယ် မူးစိတ်တား အဖွဲ့တို့က မူးယစ်ဆေးဝါးသတင်းအရ အဆိုပါကျေးရွာသို့ သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ ဖိုးမဲ(ခ)ချစ်ဌေးထံမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၆ဝနှင့် ဘိန်းဖြူအမှုန့် ၄ ဂရမ်တို့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“မူးယစ်ဆေးဝါးနဲ့ ဖမ်းဆီးရမိသူက မူးယစ်ဆေးဝါးအမှုနဲ့ပဲ ၂၀၁၇ ခုနှစ်က ထောင်ဒဏ်ဆယ်နှစ် ကျခံနေရတဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက နိုင်ငံတော်သမ္မတကြီးရဲ့ ဒုတိယအကြိမ် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာတာဖြစ်ပါတယ်။ ပြန်လွတ်လာပြီးနောက် ရက်ပိုင်းအကြာမှာပဲ မူးယစ်ဆေးဝါးမှုနဲ့ ပြန်ပြီးတော့ ဖမ်းဆီးခံလိုက်ရတာပါ။ သူဆိုရင် နောက်တစ်ကြိမ်လွတ် ငြိမ်းလာဦးမှာကို သိနေတာကြောင့် အခုအဖမ်းခံရတော့ သူအပြစ်ကိုချက်ချင်းဝန်ခံသွားတယ်။ နောက်တစ်ကြိမ်လာမယ့် လွတ်ငြိမ်းမှာ ပြန်လွတ်နိုင်တယ်ပေါ့။ ကျွန်တော်တို့ ဒေသမှာက မူးယစ်ဆေးဝါးတွေက နေရာတိုင်းလိုလိုမှာ ပေါနေတယ်။ မူးယစ်ဆေးဝါး ရောင်းတဲ့သူတွေကို ကျွန်တော်တို့အဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့အတူ ပူးပေါင်းပြီးဖမ်းဆီးပေးလိုက်တယ်” ဟု မူးသောက်ကြယ် မူးစိတ်တားအဖွဲ့မှ ဦးခင်ဇော်ဝင်းက ပြောကြားသည်။
မူးယစ်ဆေးဝါးမှုဖြင့် ပြန်လည်ဖမ်းဆီးခံခဲ့ရသည့် ဖိုးမဲ(ခ)ချစ်ဌေးအား မူးယစ်(ပ) ၄၅/၂၀၁၉၊ မူးစိတ်တား ဥပဒေပုဒ်မ ၁၉(က)ဖြင့် ပင်လည်ဘူးမြို့မရဲစခန်းက အမှုဖွင့်ဖမ်း ဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
