Top News

မြင်းဖြူနှစ်ကောင်ဆေးတိုက် လေးလောင်းပြိုင်လူသတ်မှု ပြစ်မှုကျူးလွန်ရာတွင် စီမံသူ ဦးတင်အုန်း၏ ရုပ်အလောင်းဆေးစစ်ချက်ရလဒ်ကို ထုတ်ပြန်ပေးမည်ဟုဆို
24htopnews | December 1, 2024 3:12 AM CST

တောင်ကြီးမြို့ကံသာရပ်ကွက် မြင်းဖြူနှစ်ကောင်ဆေးတိုက် လေးလောင်းပြိုင်လူသတ်မှု ပြစ်မှုကျူးလွန်ရာတွင်စီမံသူ ဦးတင်အုန်း၏ ရုပ်အလောင်းဆေးစစ်ချက်ရလဒ်ကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှ မေ ၅ ရက်တွင် သတင်းရရှိသည်။

မေ ၄ ရက် လေးလောင်းပြိုင်လူသတ်မှု ရက်လည်သောနေ့တွင် လူသတ်မှုကျူးလွန်ခဲ့သော ဦးတင်အုန်းသည် အသက်ရှူကျပ်ရောဂါဖြင့်  ရုတ်တရက် သေဆုံးခဲ့ခြင်းဖြစ်ပြီး ထိုနေ့ညနေခင်းတွင် ပြစ်မှုကျူးလွန်သော ပုံစံတူ သရုပ်ဖော်ခြင်းမပြုလုပ်မီ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဦးတင်အုန်းသည် ရောက်ခါစရက်မှာပင် ဘိန်းဖြူ၊ မူးယစ်ဆေးဝါးများ အလွန်အကျွံသုံးစွဲထားသည့် လက္ခဏာများနှင့် စွဲလမ်းနေသည့် ပုံစံများကိုတွေ့ရကြောင်း၊ ဖမ်းချုပ်ထားစဉ်ကာလတွင် ဘိန်းဖြူကို သုံး စွဲခွင့်ပြုရန် အစဉ်အမြဲတောင်းနေကြောင်း၊ ဘိန်းဖြူနှင့် မူးယစ်ဆေးမသုံးစွဲရသောကြောင့် တဖြည်းဖြည်း ကျန်းမာရေးဆိုးဝါးလာပြီး အသက်ရှူကျပ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ လေးလောင်းပြိုင်လူသတ်မှုကို မေ ၄ ရက်တွင် ရက်လည်ဆွမ်းသွတ်ခဲ့ကြပြီး အဆိုပါရက်လည်နေ့  မွန်းလွဲပိုင်း ၁၂ နာရီခန့်တွင် ပြစ်မှုကျူးလွန်ရာတွင် စီမံဆောင်ရွက်သူ တင်အုန်း(ခ)အိုက်အုံး (၆၀ နှစ်) သည် အသက်ရှူကျပ်ပြီး တောင်ကြီး စဝ်စံထွန်းဆေးရုံကြီးတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။             


READ NEXT
Cancel OK