စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်ရှိ ကြိုးဝိုင်းများမှ တရားမဝင်သစ်များကို သစ်မှောင်ခိုသမားများက ညအချိန်သယ်ဆောင်ကာ အိန္ဒိယနိုင်ငံသို့ ပို့ဆောင်မှုများရှိကြောင်း သစ်တောဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသန်းစိုး၏ ပြောကြားချက်အရ သိရသည်။
“အိန္ဒိယဘက်ကို ထွက်တာတော့ ကျွန်တော်တို့ တမူးမြို့သစ်ဘက်ကနေ ထွက်တာတော့ ရှိပါတယ်။ ဒါပေမဲ ့အများအပြားကြီး ထွက်သွားတာမျိုးတော့ မရှိဘူးပေါ့။ ညဘက်တွေမှာ ခိုးပြီးတော့ ထွက်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့နဲ့ အိန္ဒိယနဲ့ နယ်နိမိတ် ဆက်စပ်မှုကလည်း မိုင်ေ ၄၀ ကျော်လောက်က ရှိနေတယ်။ ထွက်လို့ရတဲ့ နေရာတွေကနေ ထွက်နေကြတယ်။ ကျွန်တော်တို့ကတော့ သတင်းရလို့ရှိရင် ကြိုတင်ပိတ်ဆို့ပြီးတော့ တားဆီးတာတွေရှိတယ်။ ဒါပေမဲ့ အိန္ဒိယဘက်ကို တရားမဝင်ထွက်တဲ့ သစ်တွေရှိပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတရား မဝင်သစ်များကို အိန္ဒိယနိုင်ငံသို့ ညအချိန် မှောင်ခိုပို့ဆောင်နေမှုများ ရှိနေသော်လည်း ညအချိန်ဖြစ်သည့်အတွက် လုံခြုံရေးအခြေ အနေအခက်ခဲရှိကြောင်း ဦးသန်းစိုးက ဆက်လက် ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်နှင့်ထိစပ်နေသည့် မင်းသမီးတောင်တန်းမှတစ်ဆင့် တရားမဝင်သစ်မှောင်ခိုသမားများက ယင်းတောအတွင်း တရားမဝင်သစ်များကို လှည်းနှင့်ဆိုင်ကယ်တို့ဖြင့် သယ်ဆောင်ကာ အိန္ဒိယနိုင်ငံသို့ ပို့ဆောင်နေကြကြောင်း တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
