Top News

အမျိုးမျိုးကွဲပြားမှုအား လက်ခံရန် ပုပ်ရဟန်းမင်းကြီးက ဘော်လ်ကန်နိုင်ငံများကို တိုက်တွန်း
24htopnews | December 1, 2024 7:12 AM CST

အမျိုးမျိုးကွဲပြားမှုကို လေးစားမှုသည် ဥရောပနှင့်ပေါင်းစည်းရန် ဘော်လ်ကန်ဒေသ၏ ကြိုးပမ်းမှုအတွက်အဓိကကျသည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မေ ၇ ရက်တွင် မြောက်မက်ဆီဒိုးနီးယားသို့ ရောက်ရှိစဉ်အတွင်း ပြောကြားခဲ့ပြီး ယုံကြည်မှုများနှင့် မျိုးနွယ်စုစရိုက် လက္ခဏာများ ပေါင်းစုမှုကို လက်ခံရန် အနောက်ဘော်လ်ကန်နိုင်ငံများကို တိုက်တွန်းခဲ့သည်။

ရှေးရိုးခရစ်ယာန်သက်ဝင်ယုံကြည်သူ အများစုရှိသည့် သေးငယ်သောဘော်လ်ကန်နိုင်ငံတွင် ပုပ်ရဟန်းမင်းကြီးလာရောက်မှုကို ကြိုဆိုမှုအဖြစ် အဝါရောင်ဆိုင်းဘုတ်များ နှင့် ဘတ်စ်ကားများတွင် ပုပ်ရဟန်းမင်းကြီး၏ ပြုံးနေသောမျက်နှာကို ဖော်ပြခဲ့သည်။

မြောက်မက်ဆီဒိုးနီးယားနိုင်ငံသည် အယ်လ်ဘေးနီးယားမွတ်စလင်လူမျိုးစု အများစုရှိသည့်နိုင်ငံဖြစ်ပြီး  နိုင်ငံ၏ လူဦး ရေ ၂၁ သန်းတွင် ဗရင်ဂျီဂိုဏ်းဝင် တစ်ရာခိုင်နှုန်းအောက်သာရှိသည်။

သမ္မတ Gjorge Ivanov နှင့် ဝန်ကြီးချုပ် Zoran Zaev တို့ရှေ့တွင် မိန့်ခွန်းပြောကြားခဲ့ရာတွင် ပုပ်ရဟန်းမင်းကြီးက အရှေ့နှင့် အနောက်ကြားက ပေါင်းကူးတံတားတစ်ခုဖြစ်သည့် မြောက်မက်ဆီဒိုးနီးယားနိုင်ငံတွင် ယဉ်ကျေးမှု၊ မျိုးနွယ်စုနှင့်ဘာသာရေးဆိုင်ရာ ကိုယ်ပိုင်လက္ခဏာများ၏ စမ်းသပ်ခံနိုင်မှုကို ချီးကျူးခဲ့သည်။

ငြိမ်းချမ်းရေးနှင့် ခိုင်မြဲသည့်ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မှုသည် ဥရောပနိုင်ငံများနှင့် သဟဇာတဖြစ်စေမှုတွင် မရှိမဖြစ်လိုအပ်သည်ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

“ပေါင်းစပ်မှုဟာ အမျိုးမျိုးကွဲပြားမှုနဲ့ အခြေခံကျတဲ့ လူ့အခွင့်အရေးတွေအတွက်   စွဲမြဲတဲ့လေးစားမှုတွေနဲ့အတူ အနောက်ဘော်လ်ကန်ဒေသတစ်ခုလုံးအတွက်  အကျိုးပြုတဲ့နည်းလမ်းတစ်ခု ဖော်ဆောင်ပေးနိုင်ခြေရှိတယ်ဆိုတာ ကျွန်တော့်ရဲ့ မျှော်လင့်ချက်ပါပဲ”ဟု ၎င်းက ပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး၏ သုံးရက်ကြာ ဘောလ်ကန်ခရီးစဉ်၏ နောက်ဆုံးနေ့ဖြစ်သည့် မေ ၇ ရက်တွင်  ပုပ်ရဟန်းမင်းကြီး၏ နံနက်ခင်းဝတ်ပြုဆုတောင်းမှုအတွက်  Skopje ရှိ  အရေးပါသည့် ရင်ပြင်တွင်  မျိုးစုံသော ဘာသာရေးသက်ဝင် ယုံကြည်သူများဖြင့် ပြည့်လျှံနေခဲ့သည်။

“ဗရင်ဂျီဂိုဏ်းဝင်တွေသာမက ကျွန်တော်တို့ ရှေးရိုးခရစ်ယာန်သက်ဝင်ယုံကြည်သူတွေ၊ မွတ်စလင်တွေနဲ့ မြောက်မက်ဆီဒိုး နီးယားမှာရှိတဲ့ အခြားကိုးကွယ်ယုံကြည်သူတွေအတွက် ဒါဟာ သမိုင်းဝင်ခရီးစဉ်တစ်ခုပါ” ဟု အသက် ၁၈ နှစ်အရွယ်ရှိ  Filip Etmisovski က ပြောကြားခဲ့သည်။

နိုင်ငံတောင်ပိုင်းမှ အသက် ၄၆ နှစ်အရွယ် ဗရင်ဂျီဂိုဏ်းဝင် Dragi Bojadziski ကလည်း တစ်သက်တာအခွင့်အရေးကို ဆုပ်ကိုင်၍ တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီးသည် သြဝါဒမိန့်ခွန်းရှည် မပြောကြားမီတွင် မာသာထရီဇာအတွက် ရည်စူးသည့် အထိမ်းအမှတ်အဆောက်အအုံတွင် ဆင်းရဲသားများ နှင့် ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ ကြည်ညိုလေးစားရသည့် သီလရှင် မာသာထရီဇာသည် Skopje မြို့ရှိ အယ်လ်ဘေးနီးယားမိသားစုတစ်စုမှ  မွေးဖွားခဲ့သည်။

မာသာထရီဇာသည် ၎င်း၏ အချိန်အများစုကို ကိုလ်ကတ္တားရှိ ဆင်းရဲသားများအတွက် မြှုပ်နှံခဲ့သော်လည်း ၎င်း၏ ရုပ်တုများ၊ အထိမ်းအမှတ်အဆောက်အအုံများ နှင့် ၎င်း၏ အမည်ပေးထားသော အဝေးပြေးလမ်းမများကို  မွေးဖွားရာဇာတိမြေတွင် မြင်တွေ့ရမည်ဖြစ်သည်။     

Ref ; AFP


READ NEXT
Cancel OK