Top News

ကာတာက နိုင်ငံ၏ပထမဆုံး မြေအောက်ရထားလမ်းကို ဖွင့်လှစ်
24htopnews | December 1, 2024 7:12 AM CST

၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ကာတာနိုင်ငံသည် အခြေခံအဆောက်အအုံစီမံကိန်းကို အရှိန်အဟုန်မြှင့်နေစဉ် မေ ၈ ရက်က နိုင်ငံ၏ပထမဦးဆုံး မြေအောက်ရထားလမ်းကို ဖွင့်လှစ်ခဲ့သည်။

၄၀ ကီလိုမီတာ (၂၅ မိုင်) ရှည်လျားသော Red Line မြေအောက်ရထားလမ်းသစ်သည် A1 - Wakrah ဘောလုံးကွင်းနှင့် Lusail အား ကစားရုံတို့ကို ဆက်သွယ်ထားပြီး ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပွဲအတွက် ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒိုဟာမြို့လယ်သို့ မြေအောက်ရထားအသုံးပြု၍ သွားလာနိုင်တော့မည်ဖြစ်သည်။

“ကျွန်တော့်ဘဝတစ်လျှောက်လုံး ဒိုဟာမြို့မှာ မြေအောက်ရထားကို တွေ့မြင်ရလိမ့်မယ်လို့ လုံးဝမထင်ထားမိခဲ့ဘူး” ဟု ကာတာနိုင်ငံသားတစ်ဦးဖြစ်သည့် ခါလက်အယ်ဘဒါက ပြောကြားခဲ့သည်။

Red Line မြေအောက်ရထားလမ်းသည် ကမ္ဘာ့ဖလားဘောလုံးပွဲမတိုင်မီ ဖွင့်လှစ်ရန် စီစဉ်ထားသော မြေအောက်ရထားလိုင်းသုံးခုထဲမှ ပထမဆုံးရထားလမ်းဖြစ်သည်။ ကာတာသည် ကမ္ဘာဖလားဘောလုံးပွဲအတွက် ပြင်ဆင်မှုများစွာပြုလုပ်နေကာ စီမံကိန်းများ လုပ်ဆောင်ရန် တစ်ပတ်လျှင် ဒေါ်လာသန်း ၅၀၀ သုံးစွဲနေကြောင်း ဆိုသည်။

ဒေါ်လာ ၄၅ ဘီလျံကုန်ကျခံတည်ဆောက်နေသည့် မြို့သစ်စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော Lusail ဘောလုံးကွင်းသည် ပရိသတ် ၈၀၀၀၀ ထိဝင်ဆံ့ပြီး ကမ္ဘာဖလားနောက်ဆုံးပွဲများကို အဆိုပါကွင်းတွင် ကျင်းပရန် စီစဉ်ထားသည်။ မြေအောက်ရထားစနစ်ကို တာဝန်ယူဆောင် ရွက်သောအစိုးရပိုင် Qatar Rail ကုမ္ပဏီက အဆိုပါမြေအောက်ရထားလိုင်းသည် ပြည်သူများအား ကိုယ်ပိုင်ကားများစီးခြင်းကို တဖြည်းဖြည်းစွန့်လွှတ်သွားစေကာ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးပြုလာစေရေးအတွက် တွန်းအားဖြစ်လာစေရန် မျှော်လင့်ကြောင်း ဆိုခဲ့သည်။

ကမ္ဘာ့ဖလားဘောလုံးပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် အငြင်းပွားဖွယ်ရွေးချယ်ခံရသည့် ၂၀၁၀ ပြည့်နှစ်မှစ၍ ကာတာသည် လူ့အခွင့်အရေးကိစ္စအတွက် ပြင်းထန်သည့် ဖိအားပေးမှုကိုခံခဲ့ရကာအထူးသဖြင့် ကမ္ဘာ့ဖလားကျင်းပမည့်နေရာများ နှင့် အခြေခံအဆောက်အအုံမျာ းတည်ဆောက်ရေးတို့တွင် အလုပ်သမားများ၏ အခွင့်အရေးနှင့်ပတ်သက်၍ ဖိအားပေးခံရခြင်း ဖြစ်သည်။                              Ref  ; AFP


READ NEXT
Cancel OK