အာဏာရလာပြီးနောက် ပထမတစ်နှစ်တွင် မလေးရှားအစိုးရသစ်သည် ကတိပေးထားသော လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRWနှင့် Amnesty International တို့က မေ ၈ ရက်တွင် ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်သည် ၂၀၁၈ ခုနှစ် မေတွင် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီးနောက် ခြစားမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တိုက်ဖျက်မည်ဟု ကတိပြုထားခဲ့သည်။ သို့သော်လည်း စီစဉ်ထားသော ပြုပြင်ပြောင်းလဲမှုအများစုသည် ကြန့်ကြာမှု၊ တုံ့ဆိုင်းမှုတို့နှင့် ကြုံနေရကြောင်း HRW က ပြောကြားခဲ့သည်။
သေဒဏ်ပြစ်ဒဏ် ချမှတ်မှုကို ပယ်ဖျက်ရေးအပါအဝင် အဓိကကျသော နိုင်ငံအဆင့်အဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေးကို မဟာသီယာအစိုးရအဖွဲ့က ကတိပြုထားသည်။ သို့သော်လည်း သေဒဏ်ပယ်ဖျက်ရေးကို ဆောင်ရွက်ရာတွင် တရားရုံးများက ဆုံးဖြတ်ရန် ခြွင်းချက်ပေးထားသည်ဟု မတ်လတွင် မလေးရှားအစိုးရက ပြောကြားခဲ့သည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး ICC သို့ ဝင်ရောက်ရန် ကြိုးပမ်းမှုကိုလည်း မလေးရှားအစိုးရက ရွှေ့ဆိုင်းခဲ့သည်။ လူအများစု မလေးလူမျိုးတို့ကို ကိုယ်စားပြုသော ရှေးရိုးစွဲအုပ်စုများနှင့် အတိုက်အခံပါတီတို့က ကန့်ကွက်မှုများကြောင့် ပြုပြင်ပြောင်းလဲရေးများ တွန့်ဆုတ်ခဲ့ခြင်း ဖြစ်သည်။ လူဦးရေ ၃၂ သန်းတွင် မလေးလူမျိုး ၆၀ ရာခိုင်နှုန်းခန့်ရှိသော မလေးရှားအတွက် လူမျိုးရေးသည် ထိခိုက်မခံသော ကိစ္စတစ်ခုဖြစ်သည်။
မဟာသီယာအစိုးရသည် ပြုပြင်ပြောင်းလဲမှုအတွက် ရှင်းလင်းသော လမ်းပြမြေပုံတစ်ခု ရေးဆွဲရန် Amnesty International က တောင်းဆိုခဲ့သည်။ မလေးရှားအစိုးရတွင် နိုင်ငံရေးဆန္ဒတစ်ခု လိုအပ်နေကြောင်း Amnesty Malaysia ၏ အမှုဆောင်ဒါရိုက်တာက ပြောကြားသည်။
မဟာသီယာအစိုးရသည် ၎င်း၏ ပြုပြင်ပြောင်းလဲရေး ကတိကဝတ်အချို့ကို ပထမရက် ၁၀၀ အတွင်း ဆောင်ရွက်ပေးမည်ဟု ကတိပြုထားခဲ့သည်။
လူနေမှုစရိတ် သက်သာစေရန်၊ ကွဲပြားသော လူမျိုးစုများ ပါဝင်နိုင်ရန်နှင့် အကျင့်ပျက်ခြစားမှုအား လုံးဝသည်းမခံရန် ကတိများနှင့်အတူ Malaysia Baru သို့မဟုတ် မလေးရှားသစ်ကို ဖော်ဆောင်ပေးမည်ဟု ကတိဖြင့် ထိုရွေးကောက်ပွဲအောင်ပွဲကို ရရှိခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲအနိုင်ရအပြီး တစ်နှစ်ကြာမြင့်လာချိန်တွင်မူ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနှင့် နိုင်ငံ့ကြွေးမြီ လျှော့ချရေးတို့တွင် အားတက်စရာရလဒ်များ ရရှိခဲ့သော်လည်း ဝန်ကြီးချုပ်မဟာသီယာ၏အစိုးရသည် စီးပွားရေးတိုးတက်မှု နှေးကွေးခြင်းနှင့် လူမျိုးရေးအခြေခံသော နိုင်ငံရေးများကြောင့် နှောင့်နှေးမှုများ ကြုံခဲ့ရသည်။
မဟာသီယာအား လူထုထောက်ခံမှုသည်လည်း ကျဆင်းလာနေသည်။ တစ်သီးပုဂ္ဂလ သဘောထားစစ်တမ်း ကောက်ယူသည့်အဖွဲ့ Merdeka Centre က မကြာသေးမီက ထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ခုတွင် မဟာသီယာအား ထောက်ခံမှုသည် ရာခိုင်နှုန်း ၅၀ အောက်သာ ရှိခဲ့သည်။ မဟာသီယာသည် ၂၀၁၈ ခုနှစ် သြဂုတ်၌ လူထုထောက်ခံမှုနှုန်း ၇၁ ရာခိုင်နှုန်းအထိ ရရှိခဲ့သည်။
ထို့ပြင် စစ်တမ်းဖြေဆိုသူ ၃၉ ရာခိုင်နှုန်းကသာ လက်ရှိအစိုးရ၏ စွမ်းဆောင်ရည်ကို ကျေနပ်ကြောင်း ပြောကြားခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
