Top News

တရုတ်က တတိယမြောက် လေယာဉ်တင်သင်္ဘောကြီးကို တည်ဆောက်နေဖွယ်ရှိ
24htopnews | December 1, 2024 7:12 AM CST

မကြာသေးမီကရိုက်ကူးခဲ့သော ဂြိုဟ်တုဓာတ်ပုံများအရ တရုတ်သည် ၎င်း၏ တတိယမြောက် လေယာဉ်တင်သင်္ဘောကြီးကို တည်ဆောက်နေသည်မှာ အတော်ခရီးရောက်နေပြီဖြစ်သည်ဟု ၀ါရှင်တန်မှ သုတေသနနှင့် လေ့လာရေးအဖွဲ့တစ်ဖွဲ့က  မေ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရှန်ဟိုင်းရှိ ကျန်းနန်သင်္ဘောကျင်းတွင်  ကြီးမားသည့် သင်္ဘောကြီးတစ်စင်းကို တည်ဆောက်နေသည်ကို တွေ့ရသည့် ဓာတ်ပုံများအား မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန၏ ဌာနခွဲတစ်ခုဖြစ်သော ChinaPower က ထုတ်ပြန်ခဲ့သည်။

အဆိုပါဓာတ်ပုံများအရ သင်္ဘော၏ ဦးပိုင်းနှင့် ကိုယ်ထည်ပိုင်းမှာ တပ်ဆင်ပြီးသွားပြီဖြစ်ပြီး တရုတ်ရေတပ်က တည်ဆောက်ရန် စီစဉ်နေသည်ဟု သိထားသော တန်ချိန် ၈၀ - ၈၅၀၀၀ ကြားရှိသည့် 002 အမျိုးအစား လေယာဉ်တင်သင်္ဘောအား စတင်တည်ဆောက်နေခြင်း ဖြစ်ဖွယ်ရှိသည်။

“တိမ်တွေ၊ မြူတွေကြားကနေ မြင်ရတာကတော့ သင်္ဘောကြီးတစ်စင်းရဲ့ ဦးပိုင်းနဲ့ အဓိကကိုယ်ထည်ပိုင်း ဖြစ်နိုင်ပါတယ်” ဟု China Power မှ ဆိုသည်။ 002 အမျိုးအစားနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များမှာ အကန့်အသတ်နှင့်သာ သိထားရသေးစဉ် ကျန်းနန်သင်္ဘောကျင်းအား လေ့လာမှုအရ တရုတ်ပြည်သူ့တပ်မတော် ရေတပ်၏ တတိယမြောက် လေယာဉ်တင်သင်္ဘောဖြစ်ရန် အကျိုးအကြောင်း ညီညွတ်နေသည့်အကြောင်း ChinaPower က ဖြည့် စွက်ပြောကြားခဲ့သည်။

တရုတ်၏ ပထမဆုံးလေယာဉ်တင် သင်္ဘောမှာ ၁၉၉၈ ခုနှစ်က ယူကရိန်းထံမှ ဝယ်ယူထားသည့် လျောင်နင်းသင်္ဘောကြီးဖြစ်သည်။ ဆိုဗီယက်လက်ထက်က တည်ဆောက်ထားခြင်းဖြစ်ပြီး တန်ချိန် ၆၆၀၀၀ ရှိသည့် ထိုသင်္ဘောကြီး၏ သက်တမ်းမှာ ဆယ်စုနှစ်သုံးခု ရှိလာပြီဖြစ်သည်။

ဒုတိယမြောက် လေယာဉ်တင်သင်္ဘောမှာ လျောင်နင်း၏ ဒီဇိုင်းကို အခြေခံပြီး ပြည်တွင်းမှာပင် တည်ဆောက်ခဲ့သည့် 001A အမျိုးအစားဖြစ်ပြီး လွန်ခဲ့သည့်တစ်နှစ်က စတင်ရေချခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံများတွင် တွေ့ရမှုအရ ကျန်းနန်သင်္ဘောကျင်းတွင် တာဝါဝန်ချီစက်သစ်ကြီးတစ်ခု၊ ရေပေါ်တွင်ပေါ်နိုင်သော သင်္ဘောဆိပ်တစ်ခု၊ ကြီးမားသည့် လေယာဉ်တင်သင်္ဘောကြီး ဝင်ဆံ့နိုင်သည့် ရေချရန်ရေလမ်း ကြောင်းတစ်ခုတို့အား ဆောက်ထားသည်ဟု ယူဆရကြောင်း ChinaPower က ဆိုသည်။ အွန်လိုင်းပေါ်တွင်တင်ခဲ့သော ChinaPower ၏ အစီရင်ခံစာထဲ၌ ထိုလေယာဉ်တင် သင်္ဘောသစ်ကြီးသည် ၂၀၂၂ ခုနှစ်လောက်တွင် ပြီးစီးနိုင်သည်ဟု ဆိုထားသည်။

တရုတ်သည် ၎င်း၏ ကမ်းရိုးတန်းများ၊ ကမ္ဘာတစ်ဝန်းမှ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် လေယာဉ်တင်သင်္ဘော သုံးစင်းထက်မနည်းရှိရန် လိုအပ်သည်ဟု တရုတ်ရေတပ် အကြီးတန်း ကျွမ်းကျင်သူတစ်ဦးက ဇန်နဝါရီလတွင် ပြောကြားခဲ့ဖူးသည်။

“ကျွန်တော်တို့နိုင်ငံမှာ ၁၈၀၀၀ ကီလိုမီတာ ( ၁၁၀၀၀ မိုင်) ရှည်လျားတဲ့ ကမ်းရိုး တန်းကြီးရှိပါတယ်။ ကျွန်တော်တို့ရဲ့ စီးပွားရေးဟာ ထင်သာမြင်သာရှိနေပြီး ပြည်ပက အကျိုးစီးပွားတွေဟာလည်း ကြီးထွားနေပါတယ်” ဟု ရေတပ်သုတေသန အင်စတီကျူ့မှဖြစ်သော ဗိုလ်မှူးချုပ်ကျန်းကျွင်ရှီက ပြောကြားခဲ့သည်။                                

 


READ NEXT
Cancel OK