အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ပြန် လည်ချမှတ်ခြင်းအား ကျော်လွှားရန် လက်မှတ်ထိုးထားသည့် အခြားအဖွဲ့ဝင်နိုင်ငံများက မကူညီလျှင် အီရန်သည် ၂၀၁၅ ခုနှစ် သမိုင်းဝင် နျူကလီးယား သဘောတူညီချက်အရ နျူကလီးားအစီအစဉ်များအား ကန့်သတ်ထားမှုကို လေးစားလိုက်နာခြင်းအား ဆိုင်းငံ့ကြောင်း မေ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုသဘောတူညီချက်မှ အမေရိကန်က နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း ၁၂ လအတွင်း တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ခြင်းကို အီရန်က ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
အီရန်၏အိမ်နီးချင်း အီရတ်သို့ မကြေညာဘဲ သွားရောက်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အီရန်သည် တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်နေကြောင်း စွပ်စွဲခဲ့မှုနှင့်အတူ အမေရိကန်သည် တီဟီရန်အား စကားစစ်ထိုးမှုကို အရှိန်မြှင့်နေသည်။
အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားလက်ထက် ရရှိခဲ့သော ထိုသဘောတူညီချက်တွင် လက်မှတ်ထိုးခဲ့သည့် နိုင်ငံခြောက်နိုင်ငံက အီရန်အား နျူကလီးယား အစီအစဉ်နှင့် ဆက်နွှယ်သည့် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးရန်ဖြစ်ပြီး တစ်ဖက်တွင် အီရန်က ၎င်း၏ နျူကလီးယားအစီအစဉ်များအား ကန့်သတ်ရမည်ဖြစ်သည်။ သို့သော် အမေရိကန်က ထိုသဘောတူညီချက်မှ နုတ်ထွက်ပြီး ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ခဲ့မှုအား ဥရောပနှင့် အာရှမှဘဏ်များနှင့် ရေနံကုမ္ပဏီများက အလျင်အမြန်လိုက် နာခဲ့ခြင်းကြောင့် အီရန်အား ပိတ်ဆို့အရေးယူမှု တစ်စိတ်တစ်ပိုင်း ပြန်လည်ဖြေလျှော့ပေးရန် ကတိမှာ ပျက်ပြားခဲ့ရသည်။
အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ရှိနေသော်လည်း ထိုသဘောတူညီချက်မှနေ၍ အီရန်အား အကျိုးကျေးဇူးရရှိစေရန်အတွက် ကူညီပေးရန် လက်မှတ်ထိုး အခြားနိုင်ငံများဖြစ်သည့် ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီနှင့် ရုရှားတို့က ရက် ၆၀ အတွင်း ဆောင်ရွက်ရန် ပျက်ကွက်ခဲ့လျှင် ထိုသဘောတူညီချက်အရ သတ်မှတ်ထားသည့် အခြားအဓိက ကန့်သတ်ချက်အချို့ကိုလည်း ဆိုင်းငံ့သွားမည်ဟု အီရန်က သတိပေးခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ တစ်ဖက်သတ်လုပ်ရပ်များ ကြုံခဲ့ရပြီးနောက် ယခုဆိုင်းငံ့မည့် အစီအစဉ်များသည် မိမိတို့၏ အခွင့်အရေးများ ရရှိရန်နှင့် ချိန်ခွင်လျှာ ပြန်လည်ရရှိစေရန် လိုအပ်ကြောင်း အီရန်အမျိုးသားလုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့သည်။
အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံသည် သန့်စင်ယူရေနီယမ်နှင့် Heavy Water သိုလှောင်မှုများအား ကန့်သတ်ထားမှုများကို လိုက်နာရန်ကတိပြုထားမှုအား လတ်တလောတွင် လုပ်ဆောင်မည်မဟုတ်ကြောင်း၊ သဘောတူညီချက်တွင် ပါဝင်သည့် အခြားနိုင်ငံများက အထူးသဖြင့် ဘဏ်နှင့် ရေနံလုပ်ငန်းများနှင့်ပတ်သက်၍ ၎င်းတို့၏ ကတိပြုချက်များကို အကောင်အထည်ဖော်ရန်ရက် ၆၀ အချိန်ရမည်ဖြစ်ကြောင်းလည်း ကောင်စီက ထုတ်ပြန်ခဲ့သည်။
နောက်တစ်ဆင့်တွင် အီရန်သည် ယူရေနီယမ်သန့်စင်မှုအဆင့်နှင့် အာရက် ဓာတ်ပေါင်းဖိုအား အဆင့်မြှင့်ခြင်းနှင့် ပတ်သက်သည့် လုပ်ဆောင်မှုများကို ကန့်သတ်ခြင်းအား လိုက်နာမှုကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။ အီရန်၏ ယူရေနီယမ်များအား လတ်တလော အဆင့်ထက် တိုးမြှင့်လိုက်ပါက နျူကလီးယား လက်နက်တစ်ခု၏ fissile core အဖြစ် အသုံးပြုနိုင်မည်ဖြစ်ပြီး heavy water သည် နျူကလီးယားထိပ်ဖူးထုတ်လုပ်ရန် အခြားနည်းလမ်း တစ်ခုအဖြစ် အသုံးပြုနိုင်သည့် ပလူတိုနီယမ်ရင်းမြစ်တစ်ခုလည်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
