မေ ၈ ရက်က ဂျပန်နိုင်ငံအနောက်ပိုင်း ရှီဂါဒေသတွင် မူကြိုကလေးငယ်အဖွဲ့ထဲသို့ ကားတစ်စီး ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ နှစ်နှစ်အရွယ် ကလေးငယ်နှစ်ဦး သေဆုံးသွားခဲ့ပြီး အခြားကလေးငယ်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါမော်တော်ကားသည် အို့ဆုမြို့ရှိ လမ်းဆုံလမ်းခွတစ်ခုတွင် ချိုးကွေ့မောင်းနှင်လာသော အကြီးစားမော်တော်ယာဉ်တစ်စီးနှင့် တိုက်မိခဲ့ပြီးနောက် လူသွားစင်္ကြံပေါ်သို့ ရောက်သွားခဲ့ခြင်းဖြစ်ကြောင်း၊ မတော်တဆမှုအတွင်း အသက်နှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ယောကျ်ားလေးတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
စင်္ကြံပေါ်တွင် လမ်းလျှောက်နေသည့် မူကြိုကလေးငယ် ၁၃ ဦးအဖွဲ့အား ကားတစ်စီးဝင်တိုက်ခဲ့ခြင်းဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိသည့် ကလေးငယ်အချို့ရှိကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ကလေးငယ်များနှင့် ၎င်းတို့၏ ဆရာများသည် လူကူးမျဉ်းကြားအနီးရှိ ပလက်ဖောင်းပေါ်တွင် ရှိနေပြီး အသေးစားမော်တော်ယာဉ်တစ်စီးက ၎င်းတို့အား ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ မတော်တဆမှုဖြစ်ပွားခဲ့ပြီးနောက် ပြည်တွင်းသတင်းမီဒီယာက ထုတ်လွှင့်ခဲ့သော ဗီဒီယိုတစ်ခုတွင် မော်တော်ယာဉ်သည် ကားလမ်းပေါ်မှ တိမ်းချော်ခဲ့ပြီး လူသွားစင်္ကြံပေါ်သို့ ဝင်ရောက်လာခဲ့ပုံနှင့် မတော်တဆမှုအတွင်း ပျက်စီးခဲ့ပုံရသည့် နောက်ထပ်ကားတစ်စီးကိုလည်း တွေ့မြင်ခဲ့ရသည်။ ယာဉ်နှစ်စီးစလုံးမှ ကားမောင်းသမားများဖြစ်သော အသက် ၅၂ အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက် ၆၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
