Google က ၎င်း၏ ထိပ်တန်းစမတ်ဖုန်းများတွင် ပါဝင်သော ကင်မရာစနစ်ကို ထည့်သွင်းထားသည့် စျေးနှုန်းအလယ်အလတ်ဖုန်းများဖြစ်သော Pixel 3a ဖုန်းများကို မေ ၈ ရက်က ထုတ်ဖော်ပြသခဲ့သည်။ Google ၏ အဆင့်မြင့်စမတ်ဖုန်းများဖြစ်သော Pixel 3 ဖုန်းများတွင် ပါဝင်သော နည်းပညာအများအပြား ထည့်သွင်းထားသည့် Pixel 3a ဖုန်းကို ၃၉၉ ဒေါ်လာနှင့် ရောင်းချမည်ဟု Google က နှစ်ပတ်လည် I/O ကွန်ဖရင့်တွင် ကြေညာခဲ့သည်။
စီလီကွန်ဗေးလီးမြို့ မောင်တိန်းဗျူးရှိ Google ၏ ရုံးချုပ်အနီးတွင် ကျင်းပသော ဆော့ဖ်ဝဲရေးသူများ တွေ့ဆုံပွဲတွင် Google က Pixel 3a ဖုန်းများကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ အဆင့်မြင့် စမတ်ဖုန်းများ စျေးပိုကြီးလာသောကြောင့် အကျပ်အတည်းဖြစ်နေချိန်တွင် တန်ဖိုးမြင့်ဖုန်းများ၌ ရရှိနိုင်သော အတွေ့အကြုံကို စျေးသက်သာစွာဖြင့် ပေးနိုင်ရန် Google က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း Google ၏ ထုတ်ကုန်များဆိုင်ရာ ဥက္ကဋ္ဌရစ်အော်စတာလော့က ပြောကြားခဲ့သည်။ Pixel အမှတ်တံဆိပ်ဖုန်းများ ပို၍ရောင်းချရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် စျေးပိုသက်သာသော ဖုန်းများကို Gppg;e က ရောင်းချရန် ကြိုးပမ်းလာခြင်းဖြစ်သည်။ Google ၏ ဆော့ဖ်ဝဲစွမ်းရည် ကြီးမားမှုကြောင့် စျေးပိုသက်သာသော ဖုန်းများတွင် အဆင့်မြင့်နည်းပညာများ လည်ပတ်ရန် လုပ်ဆောင်နိုင်ခဲ့ကြောင်း စျေးကွက်သုတေသနလုပ်ငန်း Forrester Research မှ လေ့လာသုံးသပ်သူ ဖရန့်ဂီးလက်က ပြောကြားခဲ့သည်။
Google သည် တန်ဖိုးမြင့် ဖုန်းများ စျေးကွက်တွင် ဝေစုရရန် ရုန်းကန်နေရပြီး ကမ္ဘာ့စမတ်ဖုန်းစျေးကွက်၏ စျေးကွက်ဝေစု ၀.၃ ရာခိုင်နှုန်းကိုသာ ရရှိထားသည်။ ပြီးခဲ့သည့် ပထမသုံးလပတ်တွင် ကမ္ဘာစမတ်ဖုန်းစျေးကွက်၏ စျေးကွက်ဝေစုကို ၂၃ ရာခိုင်နှုန်း ရရှိထားသော Samsung က စျေးကွက်ကို ဦးဆောင်ခဲ့သည်။
တရုတ်၏ Huawei က ဒုတိယလိုက်ခဲ့ပြီး အမေရိကန်အခြေစိုက် Apple က တတိယနေရာကို ရရှိထားသည်။ Google သည် ထိုင်ဝမ်အခြေစိုက် စမတ်ဖုန်းကုမ္ပဏီ HTC ကို ယမန်နှစ်က ရယူခဲ့ပြီးနောက် နည်းပညာထုတ်ကုန်များ တိုးမြှင့်ရောင်းချရန် အရှိန်မြှင့်ကြိုးပမ်းလာခဲ့သည်။ Google သည် ယခုကွန်ဖရင့်တွင် အိမ်သုံးစမတ် မျက်နှာပြင်တစ်ခုကိုလည်း မိတ်ဆက်ခဲ့သည်။ ၁၀ လက်မ ကျယ်သော Nest Hub Max သည် ကင်မရာ၊ မိုက်ခရိုဖုန်းနှင့် အသံအထောက်အကူစနစ်တို့ ပါဝင်ပြီး ၂၂၉ ဒေါ်လာနှင့် ယခုနှစ်နှောင်းပိုင်းတွင် စတင်ရောင်းချမည် ဖြစ်သည်။
မျက်နှာကို မှတ်သားသိရှိနိုင်ပြီး ပိုင်ရှင်ဖြစ်သူ အိမ်တွင်မရှိခိုက် လူစိမ်းတစ်ဦး ရောက်ရှိလာပါက ပိုင်ရှင်ကို အချက်ပြသတိပေးနိုင်သည့် စွမ်းဆောင်ရည်ရှိသော စမတ်မျက်နှာပြင်သည် တစ်သီးပုဂ္ဂလ ဗဟိုပြု အတွေ့အကြုံကို ရရှိစေနိုင်ကြောင်း Google က ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
