လူမှုဝန်းကျင် ရှင်သန်ကြီးထွားရန်အတွက် လိုအပ်သည့် သဘာဝရင်းမြစ်များအား လူသားများက အလွဲသုံးစားမှုကြောင့် မျိုးစိတ်တစ်သန်းသည် မျိုးသုဉ်းပျောက်ကွယ်ရန်အခြေအနေကို ကြုံနေရကြောင်း မေ ၆ ရက်တွင် ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ၏ သဘာဝတရားဆိုင်ရာ အထင်ကရအစီရင်ခံစာတွင် သတိပေးခဲ့သည်။ ရေ၊ တောရိုင်း တိရစ္ဆာန်၊ လေ၊ မြေဆီလွှာနှင့် သစ်တောများ စသည့်ကမ္ဘာမြေကြီး၏ လက်ဆောင်များအား အဆင်ခြင်မဲ့ သုံးစွဲခြင်းနှင့် အဆိပ်သင့် စေခြင်းတို့သည် ရာသီဥတုပြောင်းလဲမှုကဲ့သို့ပင် လူမှုဝန်းကျင်အား ခြိမ်းခြောက်နေကြောင်း ကျွမ်းကျင်သူ ၄၅၀ က ပြုစုထားသော Summary for Policymakers ကို တရားဝင်အသိအမှတ်ပြုခဲ့သည့် နိုင်ငံပေါင်း ၁၃၂ နိုင်ငံတက်ရောက်ခဲ့သော အစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သူ ရောဘတ်ဝပ်ဆင်က ပြောကြားခဲ့သည်။
မိမိတို့သည် ကမ္ဘာတစ်ဝန်းတွင် စီးပွားရေးများ၊ အသက်မွေးဝမ်းကျောင်းများ၊ စားနပ်ရိက္ခာဖူလုံမှု၊ ကျန်းမာရေးနှင့် အရည်အသွေးရှိရှိ နေထိုင်မှု စသည်တို့၏ အခြေခံများကို တဖြည်းဖြည်းချင်း အားလျော့စေခဲ့ကြောင်း၊ အစိုးရများသည် ဂျီဒီပီကိုကျော်လွန်၍ စဉ်းစားရန် အမှန်တကယ်လိုအပ်နေကြောင်း ဝပ်ဆင်က ပြောကြားခဲ့သည်။
ပြီးခဲ့သောနှစ်ပေါင်း ၁၀ သန်းကျော်ကထက် အဆရာပေါင်းများစွာ မြန်ဆန်သည့်နှုန်းဖြင့် မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်မှုအရှိန် အားကောင်းလာမှုသည် ကမ္ဘာကြီးအား ပြီးခဲ့သောနှစ်ပေါင်း ၆၆ သန်းခန့်က ငှက်မျိုးစိတ်မဟုတ်သော ဒိုင်နိုဆောများ ပျောက်ကွယ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အစုလိုက်အပြုံလိုက် မျိုးသုဉ်းမှုကို ကြုံတွေ့ရစေနိုင်ကြောင်း ထိုအစီရင်ခံစာတွင် သတိပေးခဲ့သည်။ ယင်းကဲ့သို့ ဆိုးရွားသော အနေအထားများအား ရပ်ဆိုင်းရန်နှင့် ပြန်လည်ပြောင်းလဲပစ်ရန် မိမိတို့သည် အရာအားလုံးနီးပါး၊ အထူးသဖြင့် စားနပ်ရိက္ခာများကို ထုတ်လုပ်မှုနှင့် စားသုံးမှုပုံစံများအား အလုံးစုံပြုပြင်ပြောင်းလဲမှုများ လိုအပ်ကြောင်း ထိုအစီရင်ခံစာက ကောက်ချက်ချခဲ့သည်။
ရုပ်ကြွင်းလောင်စာကဏ္ဍနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတို့၌ ပါဝင်သူအများအပြားသည် စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး သို့မဟုတ် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ စိုက်ထုတ်သုံးစွဲပေးနေမှုများကို လျှော့ချရန်ဆန္ဒရှိမည် မဟုတ်ကြောင်း၊ သို့သော် ယင်းသည် အစိုးရများက ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချရမည်ဖြစ်ကြောင်း ဝပ်ဆင်က ပြောကြားခဲ့သည်။
မိမိတို့၏ခြေရာများနှင့် အာသီသများ မြင့်တက်လာမှုကြောင့် ပြန်လည်ဖြစ်ထွန်းသည့် သဘာဝရင်းမြစ်များကို အန္တရာယ်ဖြစ်စေခဲ့မှုကို ရင်းမြစ် ၁၅၀၀၀ မှအချက်အလက်များရယူပြီး စာမျက်နှာ ၁၈၀၀ ပါသည့် ထိုအစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထားသည်။ ပြီးခဲ့သော အောက်တိုဘာတွင် ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ခုတွင်လည်း ကမ္ဘာကြီး ပူနွေးမှု၏ ဆိုးရွားသောအခြေအနေများကို အလားတူဖော်ပြထားခဲ့သည်။ Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
