Top News

ရန်ကုန်လေဆိပ် YACL ကုမ္ပဏီ၏ မန်နေဂျာအမျိုးသားတစ်ဦး ဇေကမ္ဘာဝင်းအတွင်းရှိ နေအိမ်အနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံရ
24htopnews | December 1, 2024 8:12 AM CST

ရန်ကုန်လေဆိပ် YACL ကုမ္ပဏီ၏ မန်နေဂျာအမျိုးသားတစ်ဦး ဇေကမ္ဘာဝင်းအတွင်းရှိ နေအိမ်အနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံရမှု ဇွန် ၁၉ ရက် ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Yangon Aerodrome Company Limited (YACL)တွင် အထွေထွေမန်နေဂျာရာထူးဖြင့် လုပ်ကိုင်နေသည့် ဦးရဲခိုင်ကို မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း၊ ခရေပင်ရိပ်သာရှိ ၎င်းနေထိုင်သည့် နေအိမ်အနီးတွင် အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဦးရဲခိုင် (၄၆) နှစ်သည် Toyota Rush အမျိုးအစား အနက်ရောင်မော်တော်ယာဉ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် နေအိမ်ရှေ့ တံခါးဝအနီးအရောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ၎င်းကို တပ်မတော်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း၊ အခင်းဖြစ်ပွားသည့်နေရာတွင် 9 MM ကျည်ခွံ ကိုးခုတွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ NOM သတင်းဌာန၏ တယ်လီဂရမ်တွင် YACL ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးရဲခိုင်သည်အပြင်မှ Toyota Rush ကားဖြင့် အိမ်ပြန်လာစဉ် နေအိမ်ရှေ့တံခါးအရောက်၌ ဆိုင်ကယ်တစ်စီးဖြင့် လိုက်လာသော PDF နှစ်ဦးက ပစ္စတိုဖြင့် ကိုးချက်ပစ်ခတ်ခဲ့ကြောင်း၊ ဦးရဲခိုင်မှာ ကျည်ထိဒဏ်ရာများရပြီး ဆေးရုံသို့ပို့ဆောင်ကုသစဉ် သေဆုံးသွားကြောင်း ဖော်ပြထားသည်။

အဆိုပါသေဆုံးသွားသည့် ဦးရဲခိုင်သည် တပ်မတော်မှ အငြိမ်းစားယူထားသည့် ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်ကြောင်း လူမှုကွန်ယက်များတွင် ပျံ့နှံ့ဖော်ပြလျှက်ရှိကြောင်း သိရသည်။

Yangon Aerodrome Company Limited (YACL) သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စီမံခန့်ခွဲဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK