မန္တလေး-လားရှိုးလမ်း မိုင်တိုင်(၁၅၁/၁)တွင် ယာဉ်နှစ်စီးတိုက်မိပြီး အမျိုးသားတစ်ဦးသေဆုံးမှု ဇွန် ၁၉ ရက်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇွန် ၁၉ ရက် ည ၇ နာရီခန့်တွင် လားရှိုးမြို့နယ် မန္တလေး-လားရှိုးလမ်းမိုင်တိုင်(၁၅၁/၁)တွင် Express ခရီးသည်တင်ယာဉ်နှင့် Fuso (ခြောက်ဘီး)ယာဉ်တိုက်မိခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
“ယာဉ်နှစ်စီးတိုက်တယ် သတင်းရလို့ သွားရောက်ခဲ့တာပါ။ စုစုပေါင်း လေးဦး ဒဏ်ရာရပါတယ်။ တစ်ဦးက သေဆုံးပါတယ်” ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် နောင်ပွန်လူငယ်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သေဆုံးခဲ့သူမှာ Fuso (ခြောက်ဘီး)ယာဉ်မှ ယာဉ်နောက်လိုက်အမျိုးသားဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားရာသို့ လားရှိုးခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး၊ နောင်မွန်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ နောင်မွန်လူငယ်ပရဟိတသူနာတင်ယာဉ်၊ နယ်စည်းမခြားရဟိတတို့မှ လာရောက်ကာ ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
