Top News

လှိုင်သာယာမြို့နယ် အောက်ထိပ်မှတ်တိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦးဒဏ်ရာရရှိ
24htopnews | December 1, 2024 8:12 AM CST

လှိုင်သာယာမြို့နယ် အောက်ထိပ်မှတ်တိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦးဒဏ်ရာရရှိမှု ဇွန် ၁၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန် ၁၉ ရက် ည ၇ နာရီကျော်ခန့်တွင် လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်လမ်းမကြီး အောက်ထိပ်မှတ်တိုင်အနီး Denko ဆီဆိုင်ရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအဖွဲ့များမှ သွားရောက်ခဲ့ကြောင်း သိရသည်

“Express ယာဉ်နဲ့ လိုက်ထရပ် တိုက်တာပါ။ လိုက်ထရပ်က ယာဉ်မောင်းက ကားထဲမှာ ညှပ်နေလို့ မီးသတ်တပ်ဖွဲ့နဲ့ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့ရပါတယ်” ဟု အခင်းဖြစ်နေရာရောက်ရှိခဲ့သည့် သွေးဒါနလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်မောင်းဖြစ်သူမှာ သွေးထွက်လွန်နေပြီး ၎င်းအားလှိုင်သာယာဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။


READ NEXT
Cancel OK