Top News

ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူခြောက်ဦးအား မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်
24htopnews | December 1, 2024 8:12 AM CST

ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူခြောက်ဦးအား မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

ဇွန် ၁၉ ရက်တွင် လု၊ ချန်၊ တိန့် စသည့် ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူခြောက်ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့သို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်ပေးခဲ့ပြီး ယင်းနေ့တွင် တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါခြောက်ဦးကို မြန်မာ-ထိုင်းနယ်စပ်၌ တရုတ်-မြန်မာ-ထိုင်းသုံးပွင့်ဆိုင် ဆက်သွယ်ရေးလိမ်လည်မှု နှိမ်နင်းရေးလှုပ်ရှားမှုအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

ယခုဖြစ်စဉ်သည် နယ်စပ်ဖြတ်ကျော်ပြစ်မှုကျူးလွန်မှု၊ အထူးသဖြင့်လိမ်လည်မှု၊ လောင်းကစားရာဇဝတ်မှုများကို တရုတ်-မြန်မာ-ထိုင်းသုံးပွင့်ဆိုင် ပူးပေါင်းနှိမ်နင်းသည့် ခိုင်မာသောစိတ်ပိုင်းဖြတ်မှုနှင့် ဆန္ဒများကို ဖော်ပြနေကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် လက်တွေ့ကျသော တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ပြီး ယင်းကဲ့သို့ပြစ်မှုကျူးလွန်မှုများကို တင်းကျပ်စွာနှိမ်နင်း၍ ပြည်သူလူထု၏ ပိုင်ဆိုင်မှုများ ဘေးကင်းလုံခြုံရေးကို လက်တွေ့ကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။


READ NEXT
Cancel OK