မြောက်ဥက္ကလာပမြို့နယ်ရှိ မြတ်မောင်စိန်ရွှေရတနာဆိုင်အား ဓားပြတိုက်ရာတွင် ပါဝင်သူကိုးဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန် ၁၉ ရက်ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် ဇွန် ၁၈ ရက် ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် (စျ)ရပ်ကွက်၊ မေဒါဝီလမ်းရှိ မြတ်မောင်စိန်ရွွှေရတနာဆိုင်သို့ အမျိုးသားသုံးဦးမှ ပစ္စတိုနှစ်လက် ကိုင်ဆောင်ကာ မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဧည့်ကြိုဝန်ထမ်းနှစ်ဦးအား သေနတ်ဖြင့် ခြိမ်းခြောက်၍ ရွှေဆိုင်ကောင်တာအတွင်းရှိ ကျပ်သိန်း ၁၆၆၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံတို့အား သေနတ်ပြခြိမ်းခြောက်ဓားပြတိုက်လုယက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ပြခြိမ်းခြောက်ဓားပြတိုက် လုယက်ခဲ့သည့်သူများအား ဖမ်းဆီးရမိရေးအတွက် ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းများကို ဆောင်ရွက်ခဲ့ရာ ပြည်သူများ၏ မျက်မြင်သတင်းပေး ပို့ချက်များနှင့် မြေပြင်သတင်းစုံစမ်းရရှိချက်များအရ ဇွန် ၁၈ ရက်ညပိုင်းတွင် ဓားပြတိုက်လုယက်သူများသည် ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရားအနောက်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်းရှိ အကယ်ဒမီဟိုတယ်၌ ရောက်ရှိခိုအောင်းနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ ကိုကိုအောင်၊ ၎င်းနှင့်တရားမဝင်ပေါင်းသင်းနေသူ ပပလှိုင်တို့နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးရမိသူကိုကိုအောင်၏ ထွက်ဆိုချက်အရ ရွှေဆိုင်ဓားပြတိုက်ရာတွင် ပါဝင်ခဲ့သော ကျူးလွန်သူများဖြစ်သည့် ကောင်းထက်စံ(ခ)တရုတ်ကြီးအား မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ(၂)ရပ်ကွက်၊ နဝရတ်လမ်း၊ အိမ်အမှတ်(၂/၂၀၆)ရှိ ၎င်း၏နေအိမ်၌လည်းကောင်း၊ ကျော်ဇင်လတ်၊ ကောင်းမြတ် (ခ) Blank၊ ဖြိုးကိုကိုနှင့် ကျော်ဇင်ဝေတို့အား မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ(၅) ရပ်ကွက်၊ ဗြဟ္မစိုရ်လမ်း၊ တိုက်အမှတ် (၁၀၁)တွင်လည်းကောင်း M4A1 သေနတ်နှစ်လက်၊ Sig Sauer ပစ္စတိုနှစ်လက်၊ ကျည်အိမ်မျိုးစုံရှစ်ခု၊ ၉၁ လက်ပစ်ဗုံးနှစ်လုံး၊ ၅ ဒသမ ၅၆ ကျည်အတောင့် ၃၄၀၊ 9 MM Luger ကျည်အတောင့် ၂၁၀၊ ဓားပြတိုက်လုယက်ရာမှ ယူဆောင်သွားခဲ့သော ရွှေထည်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။
အလားတူဖမ်းဆီးရမိသူကိုကိုအောင်၏ ထွက်ဆိုချက်အရ ရွှေဆိုဓားပြတိုက်ရာတွင် ပါဝင်ခဲ့သူများဖြစ်သည့် စောဂျိုးဇက်(ခ)ချိုတိုးနှင့်ထွန်းထွန်းနိုင်တို့အား မအူပင်မြို့နယ်၊ ခနောင်အုပ်စု၊ ကျွဲလန်းကျေးရွာ၌ M-16 တစ်လက်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် အမျိုးသားရှစ်ဦး၊ အမျိုးသမီးတစ်ဦး၊ စုစုပေါင်းကိုးဦးနှင့်အတူ M-4A1 သေနတ်နှစ်လက်၊ M-16 တစ်လက်၊ SigSauer ပစ္စတိုနှစ်လက်၊ ကျည်အိမ်မျိုးစုံရှစ်ခု၊ ၉၁ လက်ပစ်ဗုံးနှစ်လုံး၊ ၅ ဒသမ ၅၆ ကျည်အတောင့် ၃၄၀၊ 9MM Luger ကျည်အတောင့် ၂၁၀ တို့ဖမ်းဆီးရမိခဲ့ပြီး ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ရွှေထည်ပစ္စည်းများအား ဖြစ်စဉ်ဖြစ်ပွားပြီး ငါးနာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
