Top News

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၇၃ အနိီးရှိ သာဂရ ရဲကင်းစခန်းကို လက်လုပ်စိန်ပြောင်း ဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်ခံရ
24htopnews | December 1, 2024 8:12 AM CST

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၇၃ အနီးရှိ သာဂရ ရဲကင်းစခန်းကို လက်လုပ်စိန်ပြောင်း ဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဇွန် ၁၆ ရက် ည ၁၂ နာရီ ၁၀ မိနစ်ခန့်က ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၇၃/၀ အနီးရှိ အမြန်လမ်းရဲကင်းစခန်း(သာဂရ)ကို အင်အားသုံးဦးခန့်က စခန်း၏ အနောက်ဘက်မီတာ (၃၀၀)ခန့်အကွာမှ လက်လုပ်စိန်ပြောင်း ဗုံးသီးနှစ်လုံးဖြင့် စတင်ပစ်ခတ်ခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းတို့သည် ည ၁၂ နာရီ ၁၂ မိနစ်တွင် အနောက်ဘက်သို့ ဆုတ်ခွာသွားကြကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်တွင် လုံခြုံရေးတပဲဖွဲ့ဝင်များဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ၎င်းအဖွဲ့ဆုတ်ခွာရာနောက်သို့ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။


READ NEXT
Cancel OK