ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် မိုခါမုန်တိုင်း ကူညီကယ်ဆယ်ရေးအစီအစဉ်များ ဆိုင်းငံ့ထားရဆဲဖြစ်သည်ဟု UNOCHA က ထုတ်ပြန်သည်။
မြန်မာနိုင်ငံ ဆိုင်ကလုန်းမုန်တိုင်းမိုခါအတွက် လူသားချင်းစာနာမှုအခြေအနေဆိုင်ရာ သတင်းလွှာ (၅)တွင် UNOCHA က ထုတ်ပြန်ထားခြင်းဖြစ်သည်။
“ရခိုင်နဲ့ချင်းပြည်နယ်မှာ မိုခါမုန်တိုင်းတုန့်ပြန်ဆောင်ရွက်မှုအတွက် ကယ်ဆယ်ရေး ပစ္စည်းသယ်ယူပို့ဆောင်ရေးနဲ့ဖြန့်ဝေရေး အစီအစဉ်တွေရဲ့ ခွင့်ပြုချက်က ယခုထိဆိုင်းငံ့ထားရဆဲဖြစ်ပါတယ်” ဟု UNOCHA ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
ဇွန် ၁၅ ရက် မွန်း လွဲ ၁ နာရီတွင် စစ်တွေမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးကိုကိုလှိုင်နှင့် ဒေါက်တာသက်သက်ခိုင်တို့သည် ကုလသမဂ္ဂဆိုင်ရာ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr.Ramanathan Ba-lakrishnan ဦးဆောင်သည့်အဖွဲ့ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တွေ့ဆုံစဉ် မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကူညီကယ်ဆယ်ရေးပစ္စည်းများကို စနစ်တကျ ခွဲဝေဖြန့်ဖြူးပေးလျက်ရှိသည့်အခြေအနေများ၊ မုန်တိုင်းဒဏ်သင့်ဒေသများ၌ လူမှုရေး၊ စီးပွားရေး၊ ပုံမှန်လည်ပတ်နိုင်အောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် နိုင်ငံတကာ အကူအညီများနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ကုလသမဂ္ဂဆိုင်ရာ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့်အတူ OCHA Deputy Head of Office၊ Ms.Kyoko Ono၊ Senior Advisor to RC/HC DawSu Su Thatun၊ UN Area Coofdinator For Rakhine State၊ Mr.Riccardo Maia၊ Head of OCHA Rakhine Sub-Office၊ Mr.Tom Otunga၊ Humanitarian Affairs Specialist၊ OCHA၊ UKyw Haing Win တို့လည်း တက်ရောက်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နောက်ဆုံးထုတ်ပြန်ထားသည့် စာရင်းအရ မိုခါမုန်တိုင်းကြောင့် လူဦးရေ ၁၄၈ ဦး သေဆုံးပြီး ကျပ် ၅၂၂ ဘီလျံဆုံးရှုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ထို့ပြင် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်းတို့တွင် တိရစ္ဆာန် ၅၃၁၉၁၃ ကောင် သေဆုံးခဲ့သည်။
နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် UN၊ UNOCHA၊ UNDP အစရှိသည့်အဖွဲ့အစည်းများကလည်း ကူညီမှုများပေးအပ်နေသည်ဟု ယင်းအဖွဲ့များက ထုတ်ပြန်ထားသည်။
မိုခါမုန်တိုင်းဒဏ်ခံစားရသည့် ရခိုင်နှင့် မကွေးတိုင်းမှ လူဦးရေ နှစ်သိန်းသုံးသောင်းကျော်ကို အထောက်အပံ့များပေးထားပြီး လူဦးရေ ရှစ်သိန်းထံ သုံးလစာအရေးပေါ်စား နပ်ရိက္ခာနှင့် ငွေများပေးရန် ရည်မှန်းထားကြောင်း WFP က ထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
