ပခုက္ကူကြက်သွန်နီစျေးကွက်အတွင်း ဇွန်လတတိယပတ်တွင် ကြက်သွန်စျေးနှုန်း ပြန်လည်မြင့်တက်လာပြီး တစ်ပိဿာလျှင် ကျပ် ၂၀၀၀ အထက် ရောက်ရှိလာကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လလယ်ပိုင်းအထိ ပခုက္ကူကြက်သွန်စျေးကွက်တွင် တစ်ပိဿာလျှင် ကျပ် ၂၀၀၀ အောက်ဖြင့် ရောင်းဝယ်ခဲ့ပြီး ဇွန်လတတိယပတ်ရောက်ရှိမှသာ စျေးနှုန်းပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပခုက္ကူကြက်သွန်နီစျေးကွက်သို့ ပိဿာချိန် ၅၀၀၀၀ ခန့်ဝင်ရောက်သည့် ဇွန် ၁၉ ရက် တွင် ဂျွန်သေးတစ်ပိဿာ ကျပ် ၁၄၀၀- ၁၆၀၀၊ ဂျွန်လတ်တစ်ပိဿာ ကျပ် ၁၇၀၀-၁၉၀၀ နှင့် ဂျွန်ကြီးတစ်ပိဿာ ကျပ် ၂၀၀၀-၂၁၅၀ ဖြင့် ရောင်းဝယ်ခဲ့ကြောင်း သိရသည်။
“ကြက်သွန်စျေးက အရင်ရက်ထက်စာရင် စျေးတက်လာတယ်။ အရင်ရက်တွေက တစ်ပိဿာ ကျပ် ၂၀၀၀ လောက် ရောက်လာလိုက် နောက်ရက် ၁၈၀၀ လောက် ပြန်ဆင်းသွားလိုက်ပဲ။ သူ့စျေးတန်းနဲ့သူတော့ အရောင်းအဝယ်ဖြစ်ပါတယ်။ နောက်ရက်ဆက်တက်မယ် မတက်ဘူးကတော့ သေချာပေါက်ပြောလို့ မရသေးဘူး” ဟု ကြက်သွန်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။
ပခုက္ကူကြက်သွန်နီစျေးကွက်သို့ ယောချောင်းဒေသနှင့် ပုလဲမြို့နယ်မှ ထွက်ရှိသည့် ကြက်သွန်များ အဓိကဝင်ရောက်နေပြီး လက်ရှိစျေးနှုန်းများအရ တောင်သူများ အကျိုးအမြတ်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ရောင်းဝယ်ရေးရာသီတွင် အစောပိုင်းကာလများက စျေးနှုန်းကျဆင်းခဲ့ပြီး သြဂုတ်လမှစတင်၍ စျေးနှုန်းမြင့်တက်ခဲ့ရာ တစ်ပိဿာ ကျပ် ၃၀၀၀ ကျော်အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
