Top News

ဖာပွန်မြို့နယ် သစ်တောဦးစီးမှူးရုံးဝင်းအတွင်းရှိ နေအိမ်တစ်လုံး မိုင်းထောင်ဖောက်ခွဲခံရ
24htopnews | December 1, 2024 8:12 AM CST

ကရင်ပြည်နယ် ဖာပွန်မြို့နယ် သစ်တောဦးစီးမှူးရုံးဝင်းအတွင်းရှိ နေအိမ်တစ်လုံး မိုင်းထောင်ဖောက်ခွဲခံရကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၄ ရက် နံနက် ၈ နာရီတွင် ဖာပွန်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်သစ်တောဦးစီးမှူးရုံးဝင်းရှိ နေအိမ်တစ်လုံးအား KNU/KNLA အဖွဲ့မှမိုင်းထောင် ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် ရုံးဝင်းအတွင်း မြို့နယ်သစ်တောဦးစီးမှူးနေထိုင်ရန် ဆောက်လုပ်ထားသည့် အလျား ၃၀ ပေ၊ အနံ ၃၅ ပေ၊ အမြင့် ၁၂ ပေရှိ RC ထပ်နေအိမ်တွင် ဘေးနံရံများပွင့်ထွက်ပြိုကျကာ အမိုးသွပ်များပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK