မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်၌ စျေးရောင်းနေသည့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း သတင်းရ ရှိသည်။
ဇွန်လ ၁၄ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် နွားထိုးကြီးမြို့နယ်၊ သူစိုးကျေးရွာ ရွာလယ်လမ်းမပေါ်၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြင်းနီကျေးရွာနေ မခင်ယုယုနွယ်(ခ)ရှမ်းမ(၂၉ နှစ်)သည် ၎င်း၏သမီးဖြစ်သူ မသဲဖြူစင်အောင် (လေးနှစ်)နှင့်အတူ သူစိုးကျေးရွာအတွင်း ဆိုင်ကယ်ဖြင့် စျေးလိုက်လံရောင်းချနေစဉ် လားရာတူနောက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားလေးဦးက သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးခဲ့သဖြင့် မခင်ယုယုနွယ်(ခ)ရှမ်းမတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် လုပ်ကြံ သတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ အရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
