Top News

သပိတ်ကျင်းမြို့နယ်တွင် ဒလန်ဟုစွပ်စွဲ၍ အမျိုးသားနှစ်ဦး ဓားဖြင့်ထိုးခုတ်အသတ်ခံရပြီး သံဃာတော်တစ်ပါး သေနတ်ဖြင့်ပစ်သတ်ခံရ
24htopnews | December 1, 2024 8:12 AM CST

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်တွင် ဒလန်ဟုစွပ်စွဲ၍ အမျိုးသားနှစ်ဦး ဓားဖြင့်ထိုး ခုတ်အသတ်ခံရပြီး သံဃာတော် တစ်ပါးသေနတ်ဖြင့်ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

 ဇွန်လ ၁၄ ရက် နံနက် ၁၀ နာရီခွဲတွင် သပိတ်ကျင်းမြို့နယ်၊ လက်ပန်ကုန်းကျေးရွာနှင့် ဆယ်ဇင်းကုန်းကျေးရွာအကြား မန္တလေး-ဗန်းမော်ကားလမ်းဘေး၌ အမျိုးသားနှစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း သတင်းအရလုံခြုံ ရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ PDF ရှစ်ဦးခန့် က လက်ပံကုန်းကျေးရွာနေ ဦးမောင်သောင်း (၅၇ နှစ်)နှင့် ဆယ်ဇင်းကုန်းကျေးရွာနေ ဦးဟန်ညွန့်(၅၇ နှစ်)တို့နှစ်ဦးအား ဒလန်ဟု စွပ်စွဲပြောဆိုကာ ၎င်းင်းတို့နေအိမ်အသီးသီးမှ ဖမ်းဆီးခေါ်ဆောင်၍ မန္တလေး-ဗန်းမော် ကားလမ်းမိုင်တိုင်အမှတ် ၃၃ မိုင် ၇ ဖာလုံနှင့် ၃၄ မိုင် ၄ ဖာလုံကြား အရောက်တွင် ဓားများ ဖြင့် ၀ိုင်းဝန်းထိုးခုတ် သတ်ဖြတ်သွားခဲ့သဖြင့် ဦးမောင်သောင်းနှင့် ဦးဟန်ညွန့်တွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင်  သပိတ်ကျင်းမြို့နယ်၊ ကိုးပင်ကျေး ရွာ၏ အရှေ့ဘက်နှစ်ဖာလုံခန့်အကွာရှိ တော ကျောင်း၌ တစ်ပါးတည်းသီတင်းသုံးနေ ထိုင် သည့် ဆရာတော် ဥူးပညာစာရ (သက် တော် ၆၀ နှစ်)(၀ါတော်ခြောက်ဝါ)အား PDF အဖွဲ့ က ဖမ်းဆီးခေါ်ဆောင်၍ တောကျောင်းအနီးရှိ လယ်ကွင်းအရောက်သေနတ်ဖြင့် ၀ိုင်းဝန်း ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဆရာတော်ဥူးပညာစာရတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း လုပ်ကြံသတ်ဖြတ်မှုများကြောင့် သံဃာတော်အပါး ၇၀ နှင့် သီလရှင်ဆရာကြီးတစ်ပါးတို့ ဘဝနတ်ထံပျံ လွန်တော်မူခဲ့ပြီးဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK